Chapter - 39

15K 2.5K 188
                                    

{Zawgyi}

•နောက်ချယ်ရီတစ်ခုကို ဖောက်•

နောက်တစ်နေ့မနက်ရောက်တော့ ကျန်းဆွေ့ယင်း သူ့ရဲ့ဟိုတယ်ပရောဂျက်ရှိတဲ့ဆီကို သွားကြည့်တယ်။

တရုတ်နှစ်သစ်ကူးဖြစ်လို့ ဝန်ထမ်းတွေက ပိတ်ရက်ယူထားပြီး အစောင့်တွေသာကျန်ခဲ့တယ်။ ဆောက်လုပ်ရေးခွင်နားကိုမောင်းသွားပြီး ကားရပ်လိုက်ကာ ဟိုလျှောက်ဒီလျှောက်နဲ့ မြေပြင်ထက်မှာ မြင့်မြင့်မားမားနေရာယူနေပြီဖြစ်တဲ့ အဆောက်အအုံကိုကြည့်ပြီး စိတ်ထဲမှာ ကျေနပ်နေမိတယ်။

အခုချိန်မှာ လီယွိကိုဖုန်းခေါ်ပြီး ဟိုတယ်ကဖြစ်မြောက်နေပြီဆိုတာကို ပြောပြချင်ခဲ့တယ်။ ပြဿနာဖြေရှင်းပြီးတဲ့နောက်မှာ ပရောဂျက်ကအဆင်ပြေသွားတဲ့အတွက် ထိုအပျော်ကို ဝေမျှပေးချင်တယ်။ ဒါပေမယ့် ဖုန်းကောက်ယူလိုက်တယ်ဆိုရင်ပဲ လီယွိနဲ့သူပြတ်သွားပြီဆိုတာကို ပြန်သတိရသွားတယ်။

လူတွေရှင်းလင်းနေပြီး ရှုပ်ပွနေတဲ့ ဆောက်လုပ်ရေးခွင်ကိုကြည့်ကာ ကျန်းဆွေ့ယင်း မသက်မသာဖြစ်လာတယ်။

သူမှတ်မိနေသေးတယ် နောက်ဆုံးတစ်ခေါက် သူရောက်လာတုန်းက မြေရိုင်းကြီးတစ်ခုပဲရှိသေးတယ်၊ မြက်ပင်တွေဆိုတာလည်း ဒူးခေါင်းထိတောင်ရောက်တယ်။ လီယွိကိုပါခေါ်လာပြီး ပရောဂျက်အတွက်အစီအစဉ်ကို ပြောပြခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက သူတို့နှစ်ယောက်က အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးပဲရှိသေးတယ်။ လီယွိက သူ့ကိုအရမ်းယဉ်ကျေးခဲ့တယ်။ ဘယ်သူသိနိုင်မှာလဲ လအနည်းငယ်ကြာသွားတဲ့အချိန်မှာ သူစိမ်းအဆင့်ကနေ ရင်းနှီးတဲ့အဆင့်၊ နောက်တော့ ရင်းနှီးတဲ့အဆင့်ကနေ ဘာမှမဟုတ်တဲ့အဆင့်ဖြစ်သွားတယ်။

ကျန်းဆွေ့ယင်း သက်ပြင်းချပြီး ခပ်ယဲ့ယဲ့ပြုံးမိတယ်။ စီးကရက်တစ်လိပ်ထုတ်သောက်ပြီးသာ ထွက်လာခဲ့လိုက်တယ်။ စီးကရက်ကုန်အောင်သောက်ပြီး ကားပြန်မောင်းခဲ့တယ်။

သူတို့သုံးယောက်လုံး ချင်းဟွမ်တောက်မှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ နေ့လည်စာစားပြီးနောက် ပေကျင်းပြန်လာခဲ့ကြတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now