Chapter - 5

18.6K 2.9K 180
                                    

[T/N : ဘာမှမရေးရသေးခင် တောင်းပန်စာပါ၊ စစချင်းတုန်းက ဖတ်လိုက်တဲ့အချိန်မှာ Li Yuဆိုတော့ လီယုလို့ပဲထင်ခဲ့တာပါ။ ဟိုတစ်နေ့ကမှ FuFuတင်ထားတဲ့စာကိုဖတ်ပြီး လီယွိမှန်းသိလိုက်ရပါတယ်။ အဲ့တာကြောင့် အခုပိုင်းမှာ နာမည်လေးပြန်ပြောင်းရေးလိုက်ပါတယ်။ ဖတ်ရတာအနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်။ အရှေ့ပိုင်းကိုတော့ ပြန်ပြင်ပေးမှာပါ။ ဒါပေမယ့် Zawgyi နဲ့ Unicodeဖြစ်နေတော့ ပြင်ရမှာနည်းနည်း အခက်အခဲလေးရှိလို့ သည်းခံပေးစေချင်ပါတယ်။ ပြန်ပြင်တာက ပြင်ပေးမှာပါ။]

{Zawgyi}

ကျန်းဆွေ့ယင်း ကားမောင်းရင်းနဲ့ သူတို့ဆီကမိသားစုဒရိုင်ဘာကို ကျန်းဆွေ့လင်ကို လာခေါ်ပေးဖို့ စာပို့ထားလိုက်တယ်။

ရှောင်လင်ဇီကိုက သူ့မိသားစုရဲ့အဓိကအိမ်သားတစ်ယောက်အဖြစ်သတ်မှတ်ထားပြီး လူတိုင်းက အကာအကွယ်ပေးနေကြကာ မိသားစုရဲ့မျိုးရိုးတာဝန်ကို ထမ်းဆောင်ပေးဖို့ သေချာပေါက်မျှော်မှန်းထားကြတယ်လေ…

ပို့လို့ပြီးသွားတဲ့အခါ အိပ်ဖို့ရာသူ့တိုက်ခန်းလေးဆီကို ပြန်မောင်းလာတယ်။

ပုံမှန်အတိုင်းလည်ပတ်နေပြီး သူ့အဖေခေါ်တာကြောင့်သာမဟုတ်ခဲ့ရင် အိမ်ပြန်တယ်ဆိုတာရှားတယ်။ အဲ့လိုနဲ့ ရက်သတ္တပတ်ပေါင်းများစွာ ကျန်းဆွေ့လင်နဲ့မတွေ့ဖြစ်သလို… လီယွီကိုရောပဲ။

သူတို့ပထမဆုံးအကြိမ်ဆုံတွေ့ပြီး ဝေးကွာသွားတုန်းက လီယွီကိုမေ့နိုင်ဖို့ သုံးရက်ထက်မနည်းကြာခဲ့တယ်။ အခုတစ်ခါက သိပ်တော့မဟန်လှဘူး_လီယွီရဲ့ပုံရိပ်တွေ၊ နှုတ်ခမ်းရဲရဲလေးတွေက သူ့ရဲ့အတွေးထဲမှာ အချိန်ပြည့်ပေါ်ပေါ်လာတယ်။ သူ့လိုလူက အထက်တန်းကျောင်းသားတွေရဲ့စာမေးပွဲကာလကို အာရုံစိုက်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပဲ… သို့သော်လည်းအခုတော့ လီယွီနဲ့အချိန်ဖြုန်းနိုင်ဖို့အတွက် စာမေးပွဲပြီးမယ့်အချိန်ကို စောင့်မျှော်နေရပြီ။ ကျန်းဆွေ့လင်ပါ ကပ်ပါလာမယ်ဆိုတာကို မရှောင်လွှဲနိုင်ဘူးဆိုပေမယ့် လီယွီတစ်ယောက်တည်းကိုပဲ လာဖို့ခေါ်လိုက်ရင် သူမလာမှာ စိုးတာကြောင့်ဖြစ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}حيث تعيش القصص. اكتشف الآن