Chapter - 49

14.4K 2.6K 168
                                    

{Zawgyi}

•မင်းအတွက်နဲ့ မုန်တိုင်းကိုတောင် ရဲရဲဝံ့ဝံ့ဖြတ်ကျော်ရဲတယ်•

ကျန်းဆွေ့ယင်း လီယွိကို တစ်လမ်းလုံးစကားပြောသွားချင်တယ်။ လီယွိက အကြီးအကျယ်ထိခိုက်ထားလားဆိုတာကို သူမသိရဘူးလေ။ လီယွိကိုယ်တိုင်လည်း သိမှာမဟုတ်ဘူး၊ ဒါပေမယ့် သူ(ကျန်းဆွေ့ယင်း)ရုပ်ရှင်ကားတွေအများကြီး ကြည့်ခဲ့ဖူးတယ်၊ အဲ့ထဲမှာ ထိခိုက်ဒဏ်ရာရထားတဲ့လူတွေက အိပ်ပျော်သွားပြီဆိုရင် ပြန်မနိုးကြတော့ဘူး။

ကံဆိုးချင်တော့ ခဏအကြာမှာပဲ လီယွိကဖုန်းအားကုန်သွားပြီး 'တူ-တူ'ဆိုတဲ့ အသံနဲ့အတူ တိတ်ကျသွားတယ်။

ကျန်းဆွေ့ယင်း ပိုပြီးတော့တောင် စိတ်သောကရောက်လာပြီး ပျံသန်းပြီးတော့တောင် သွားလိုက်ချင်တယ်။

ဒါပေမယ့် သူဘယ်လောက်ပဲ စိတ်သောကရောက်နေပါစေ သူတို့ကြားမှာ လမ်းခရီးက ကီလိုမီတာ၆၀လောက်ရှိတယ်။ ပြီးတော့ ဒီလောက်ဆိုးရွားတဲ့ရာသီဥတုမှာ ကီလိုမီတာ၆၀က ပုံမှန်ရာသီဥတုထက်တောင်မှ ကားမောင်းဖို့ ပိုပြီးခက်ခဲသေးတယ်။

တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်နေတဲ့နေ့မှာ ကားမမောင်းဖူးတဲ့လူက ဒီလိုမောင်းရတာဘယ်လောက်တောင် ရင်တုန်စရာကောင်းတယ်ဆိုတာကို နားလည်နိုင်မှာမဟုတ်ဘူး။

နှစ်တန်ကျော်လောက်လေးတဲ့ SUVကားက ဒီလိုရာသီဥတုမျိုးမှာ နတ်ဘုရားအတွက် ကစားစရာအရုပ်ကြီးတစ်ခုလောက်သာဖြစ်နေလိမ့်မယ်။ ထောင့်ချိုးတွေချိုးလိုက်တိုင်းမှာ သူပျံတက်သွားတော့မလို ခံစားချက်မျိုး ကျန်းဆွေ့ယင်းရနေတယ်။

မိုးရေတွေနဲ့ အငွေ့တွေရိုက်လွန်းတာကြောင့် ဝိုက်ပါရဲ့နှုန်းကတောင် မိုးရေစက်တွေကို မနိုင်တော့ဘဲ ကားရှေ့မှန်ကလည်း အငွေ့တွေနဲ့သာ ကွယ်နေတော့တယ်။ စက္ကန့်ပိုင်းလောက်ကြာတဲ့အချိန်မှာ ကျန်းဆွေ့ယင်း ဘာမှမမြင်နိုင်တော့သလိုတွေတောင် ဖြစ်လာတယ်။ မတတ်သာတာကြောင့် လေအေးပေးစက်ကိုလည်း ဖွင့်ထားလိုက်ရတော့တယ်။ အဲ့တော့မှ ကားမှန်အတွင်းပိုင်းက အငွေ့တွေနဲ့လျော့နည်းသွားပြီး ကားထဲက အပူချိန်ကတော့ လုံးဝကိုထိုးကျသွားကာ ကျန်းဆွေ့ယင်း အေးခဲမတတ်ဖြစ်လာတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now