Chapter - 96

19.6K 3K 639
                                    


{Zawgyi}

•Twinkရဲ့အစ်ကိုကြီးနဲ့ အချင်းပွား•

သူ ဖုန်းမဖြေချင်ပေမယ့် ကြောင်တောင်တောင်လေးဖြစ်နေတဲ့ ရှောင်ကျူ့ကိုကြည့်ကာ အခြေအနေက အနည်းငယ်ရှက်စရာကောင်းနေခဲ့တယ်ဆိုတာ သတိပြုမိလိုက်တယ်။ ဖုန်းက အချိန်ကိုက်ဝင်လာတာကြောင့် ရှက်စရာကောင်းတဲ့ကိစ္စကို ဖုံးကွယ်ထားလိုက်မယ်။

ကျန်းဆွေ့ယင်း မတ်တပ်ရပ်ကာ ဖုန်းကိုယူပြီး အတွင်းခန်းထဲလျှောက်သွားပြီးမှ လက်ခံတဲ့ခလုတ်ကို နှိပ်လိုက်တယ်။

"Hello"

"Hello ကျန်းဆွေ့ယင်း ကိုယ် လီရွှမ်းပါ"

"ကျွန်တော် သိတယ်" ကျန်းဆွေ့ယင်း တံခါးပိတ်လိုက်ပြီး တံခါးရွက်ကိုမှီထားကာ ပြောလိုက်တယ် "Happy New Year"

လီရွှမ်းက သူ့ရဲ့မရိုးစင်းတဲ့ယဉ်ကျေးမှုကို အသိအမှတ်မပြုပေးမယ့် တည့်တိုးသာပြောလိုက်တယ် "မင်းကို ကိုယ့်ညီကိစ္စပြောချင်လို့"

"ကံဆိုးချင်တော့ ကျွန်တော့်ဘ၀မှာ မပြောချင်ဆုံးစကားလုံးက ညီဆိုတဲ့ဟာပဲ၊ ခင်ဗျားညီရော ကျွန်တော့်ညီရော စိတ်မဝင်စားဘူး"

လီရွှမ်းတစ်ခုခုကြားထာတာဖြစ်မယ်လို့ ကျန်းဆွေ့ယင်း ရိပ်ဖမ်းသံဖမ်းတော့ သိနေတယ်။ သူသာ ဆိုးရွားတဲ့စကားလုံးတွေ မပြောလာဘူးဆိုရင် ကျန်းဆွေ့ယင်းဘက်ကလည်း သူ့ကိုမျက်နှာလွှဲလိုစိတ်မရှိဘူး။ ဒီတိုင်းဖုန်းချလိုက်တာက ပိုကောင်းမယ်လို့တောင် တွေးမိလိုက်သေးတယ်။ နောက်ပိုင်း အမှုမဲ့အမှတ်မဲ့ သူနဲ့ဆုံဖြစ်ရင်လည်း ဒီတိုင်းခေါင်းသာ ငြိတ်ပြလိုက်မယ်။

စိတ်မကောင်းစရာက လီရွှမ်းဆိုတာ ဒီလောက်လွယ်လွယ်ဆက်ဆံလို့ရတဲ့လူ မဟုတ်ဘူး။ ကျန်းဆွေ့ယင်း ဖုန်းမချနိုင်သေးခင်မှာ သူ တိုက်ရိုက်မေးလာတယ် "မင်း လီယွိနဲ့ အချိန်ကောင်းလေးမှ ရခဲ့ရဲ့လား?"

ဖုန်းချမယ့်ခလုတ်ပေါ် ဖိတော့မယ့် ကျန်းဆွေ့ယင်းလက်ချောင်းတွေ နောက်ပြန်ဆုတ်သွားတယ်။ လီရွှမ်းက ဘာများပြောချင်နေတာလဲဆိုတာကို သူနားထောင်လိုက်အုံးမယ်။

သူ့ရဲ့တိတ်ဆိတ်နေမှုက လီရွှမ်းရဲ့စိတ်ထဲကအတွေးတွေကို အတည်ပြုပြီးသားဖြစ်သွားတယ်။ သူ မထိန်းချုပ်နိုင်စွာအော်တော့တယ် "မင်း တကယ်ပဲကိုး!"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now