Chapter - 76

19.4K 2.8K 669
                                    

{Zawgyi}

•ငါ့လူကို မထိနဲ့•

ကျန်းဆွေ့ယင်း အလွန်အကျွံသောက်ထားတာကြောင့် လှုပ်ရှားမှုတွေ လေးကွေးနေပြီး မျက်ခွံတွေလည်း စင်းကျနေတယ်။ သူ့ကို ဖြေးဖြေးချင်း မော့ကြည့်ကာ နှာခေါင်းရှုံ့လိုက်တယ် "အိုး ဒါက လောင်လီအာမဟုတ်လား? ဘယ်လိုကြောင့်များ အထက်တန်းစားသခင်လေး လီအာက ဒီလောက်ညစ်ပတ်တဲ့နေရာကို လာရတာလဲ? ခုတလော ပိုက်ဆံတွေ အများကြီးရထားပြီး ဘယ်လိုသုံးရမှန်း မသိတာကြောင့်များလား?"

လီယွိက လက်ဖက်ရည်စားပွဲဆီ လျှောက်လာပြီး စားပွဲပေါ်က ရေသန့်ဘူးကို ကောက်ယူကာ အဖုံးဖွင့်ပြီး ကျန်းဆွေ့ယင်းပေါ် လောင်းချလိုက်တယ်။

"Fxck!" ကျန်းဆွေ့ယင်း အော်ဟစ်လိုက်တယ် "လောင်လီအာ မင်းက နေရာတိုင်းမှာ လိုက်သောင်းကျန်းနေရအောင် သိပ်ကိုလုပ်နိုင်စွမ်းရှိနေတယ်ပေါ့!"

လီယွိ Pippiနဲ့ တခြားကောင်လေးကို အော်ထုတ်လိုက်တယ် "ဒီကနေ ထွက်သွား"

သူတို့တွေ အချိန်အကြာကြီး ထိတ်လန့်နေခဲ့တယ်။ သူတို့တွေ လီယွိဆိုတာ ဘယ်ကလာမှန်း မသိကြပေမယ့် ကျန်းဆွေ့ယင်းကိုတောင် ဒီလိုမျိုး ဆက်ဆံရဲတယ်ဆိုတော့ သူတို့တွေ ဒီသခင်လေးကို မနိုင်မှန်း သိလိုက်ကြတယ်။

လီယွိမျက်လုံးတွေက လူသားစားတော့မယ့်အတိုင်းပဲ။ ထိုအချောလေးနှစ်ယောက်ကို အလွန်တရာရွံရှာစက်ဆုပ်စွာကြည့်ပြီး အေးတိအေးစက်မျက်လုံးတွေနဲ့ ပြောလိုက်တယ် "သွား!"

Pippiလန့်ဖြန့်ကာ သူ့အလိုလို ဆိုဖာကနေ ထရပ်မိသွားပြီး တုန်တုန်ရီရီပြောလာတယ် "သခင်လေးကျန်း ကျွန်တော်..."

ကျန်းဆွေ့ယင်းက သူ့လက်မောင်းကိုဆွဲကာ ဆိုဖာပေါ်မှာ ပြန်ထိုင်စေတယ်။ သူ ယိုင်တိုင်တိုင်နဲ့ထရပ်ပြီး ခွက်ထဲက အရက်တွေနဲ့ လီယွိမျက်နှာကို ပက်ပစ်လိုက်တယ်။ သူပက် ကိုယ်ပက်ပဲ "ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး ပြန်ထိုင်နေ!"

လီယွိက အပူတပြင်း ဘဲလေးတစ်ယောက်ကို ကောက်မကာ ဘေးဘက်ကို တွန်းထုတ်ပစ်လိုက်တယ် "ထွက်သွား! ဒီနေရာကနေ ထွက်သွားစမ်း!" [ T/N : ဘဲ - ယောကျာ်းလေးပြည့်တန်ဆာလို သဘောမျိုးပါ ]

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now