{Zawgyi}
•လျှို့ဝှက်ကိစ္စ ၂•
"ဟယ်လို ကော" ဖုန်းတစ်ဖက်ကနေ ငယ်ရွယ်ဖြတ်လတ်နေတဲ့အသံလေးထွက်ပေါ်လာတယ်။
"မင်းအခု ဘယ်နားမှာလဲ?"
"ကျွန်တော် ကျောင်းမှာလေ"
"ကုမ္ပဏီကို အခုချက်ချင်းလာခဲ့"
"အာ? အခုချက်ချင်း? ခဏနေရင်ပဲ အတန်းစတော့မှာမို့လို့"
"အခုချက်ချင်းဆို ချက်ချင်းပဲ၊ ကုမ္ပဏီကို လာခဲ့"
ဖုန်းချပြီးတဲ့နောက် ကျန်းဆွေ့လင်ကို ကုမ္ပဏီမှာစောင့်နေလိုက်တယ်။ နောက်ထပ်မိနစ်လေးဆယ်လောက်ကြာတဲ့အခါ သူ့ရဲ့ကုတ်အကျီအထူကြီးနဲ့ ရောက်ချလာပြီး အပြင်က အေးစိမ့်မှုတွေပါ အခန်းတွင်းဝင်ရောက်လာတယ်။ သူ့ရဲ့လည်စည်းကိုချွတ်နေရင်း ပြောလိုက်တယ် "ကော ဘာလို့အရမ်းလောနေတာလဲ?"
ကျန်းဆွေ့ယင်းက လွှဲပြောင်းမှုအချက်အလက်ကို စားပွဲပေါ်ချပေးပြီး အော်လိုက်တယ် "မင်းဘာသာကြည့်လေ!"
ကျန်းဆွေ့လင် စိတ်မချစွာ အချက်အလက်ကိုယူကြည့်လိုက်ပြီး စာရွက်အနည်းငယ်လှန်ပြီးချိန်မှာ မျက်နှာက စိုးရိမ်တဲ့အသွင်ပြောင်းလဲသွားတယ် "ဒါက..."
ကျန်းဆွေ့ယင်း သူ့ကိုစိုက်ကြည့်ကာ "ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်တယ်ဆိုတာကို ငါ့ကိုအတိအကျပြော!"
ကျန်းဆွေ့လင်တိုးတိုးလေးပြောလာတယ် "ကော ဒါတွေက... ကျွန်တော်အဲ့တာတွေကို မသိဘူး"
"မင်းမသိဘူး?!" ကျန်းဆွေ့ယင်းမတ်တပ်ရပ်ကာ တစ်ခုခုကိုရိုက်ပစ်ချင်နေသလိုမျိုး လက်ကိုယမ်းနေတယ် "မင်းမသိဘူး? အဲ့တာမင်းပြောသင့်တဲ့ စကားလုံးလား! ဒီကိစ္စက အစတုန်းတည်းက မင်းကို လွှဲပေးထားတာ မင်းမှာ အဲ့အတွက် တာဝန်ရှိတယ်... ငါမင်းကို ဒီဟာပေးလိုက်တယ်ဆိုတာက ကိစ္စက မှန်မှန်ကန်ကန်ပြီးသွားဖို့ မျှော်လင့်ပြီးပေးလိုက်တာ ဒီလိုမျိုး သောက်ရေးမပါတာတွေဖြစ်ဖို့မဟုတ်ဘူး၊ အခုဟာက အိမ်သုံးလုံးပါသွားပြီ၊ ငါလုပ်ခိုင်းတာတွေကို မင်းမလုပ်ခဲ့တော့ ပိုက်ဆံတွေက တခြားသူတွေအိတ်ထဲရောက်သွားပြီ... မင်းနဲ့ ပိုင်ရှင်းယွီတို့ပေါင်းပြီး တပတ်ရိုက်လိုက်သလိုမျိုး ငါ့ကိုလာပြောနေတာ!"
YOU ARE READING
အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}
RomanceTitle - You are in love with an Idiot《你却爱着一个傻逼》 Author - 水千丞 Shui Qian Cheng Type - Web Novel Chapters: 123 +2 extras + 100 Q&A Status: Ongoing Eng Translator: Sae | Ice Myanmar Translator: Kay_Wine I have permission to translate for this novel.😉