Chapter - 4

18.2K 3.1K 161
                                    

{Zawgyi}

ကာရာအိုကေခန်းတံခါးပွင့်သွားတော့ ဆူညံနေတဲ့သီချင်းသံနဲ့ ရယ်မောသံတွေက လေအေးတစ်ချက်နဲ့အတူ လွင့်ပျံလာပြီး ကျန်းဆွေ့ယင်းကိုကြက်သီးတောင်ထသွားတယ်။ သူလှမ်းကြည့်လိုက်တော့ လူအယောက်နှစ်ဆယ်သုံးဆယ်ထက်မနည်းတဲ့လူတွေက လမ်းတွေလျှောက်ပြီး အော်ဟစ်နေတာကိုမြင်လိုက်ရတယ်။

"ဝိုး ဝိုး.... မွေးနေ့ရှင်ကြီးရောက်လာပြီ!"

"မွေးနေ့ရှင်ရေ.. မင်းဒီနေ့အရမ်းကြည့်ကောင်းနေတယ်!"

လူအနည်းငယ်ရောက်လာပြီး သူတို့နားဝိုင်းထားကြတယ်။ TVကအသံကိုအမြန်လျော့လိုက်ပြီး တစ်စုံတစ်ယောက်က ကျန်းဆွေ့လင်ပုခုံးပေါ်လက်တင်ကာ နောက်တစ်ယောက်ကတော့ သူ့လက်ထဲက ဘီယာကိုထိုးပေးလာတယ်။

ပြုံးပြုံးကြီးနဲ့ ကျန်းဆွေ့လင်က ဂုဏ်ဆာနေတဲ့လေသံနဲ့ပြောလာတယ် "မင်းတို့အားလုံးကို မိတ်ဆက်ပေးရအုံးမယ်၊ ဒါကငါ့အစ်ကို"

ကျန်းဆွေ့ယင်းပြုံးကာ ဆယ်ကျော်သက်အုပ်စုကို နှုတ်ဆက်လိုက်တယ်။

မိန်းကလေးအုပ်က စိတ်လှုပ်ရှားစွာစီကနဲထအော်တယ် "နင့်အစ်ကိုကြီးက အရမ်းချောတာပဲ!"

ကျန်းဆွေ့ယင်းမျက်လုံးတွေက အမှုမဲ့အမှတ်မဲ့လီယုပေါ်ကျရောက်သွားပြီး အချိန်တော်တော်မခွာခဲ့ဘူး။

လီယုကတော့ သူ့ကိုလုံးဝသတိတောင်မပြုမိဘဲ ကျန်းဆွေ့လင်လက်ကိုသာဆွဲပြီး အသာလေးပြုံးပြလိုက်တယ် "အရင်ဆုံးထိုင်ကြတာပေါ့"

ဒါပေမယ့် ကျန်းဆွေ့လင်ကတော့ ကျန်းဆွေ့ယင်ဆီအပြေးအလွှားရောက်လာတယ်။ "ကော အရင်ထိုင်ပါအုံး... ဘာသောက်ချင်လဲဟင်?"

"ရေပဲသောက်မယ်" အခန်းထဲကလူတွေထဲမှာမှ မိန်းမငယ်လေးတွေရဲ့အမူအယာကထူးထူးခြားခြားကြောက်စရာကောင်းနေတာကို တွေ့လိုက်ရတော့ ကျန်းဆွေ့ယင်းမျက်မှောင်ကြုတ်သွားတယ်။ သူ့ညီနဲ့လီယုကလွဲရင် တစ်ယောက်မှ သူ့ရဲ့စံနှုန်းနဲ့မကိုက်ညီဘူး။ အချိန်ခဏလောက် ဘယ်နားထိုင်လို့ထိုင်ရမှန်း မသိဖြစ်နေတယ်။

သူလီယုကိုကြည့်လိုက်ပြီး လီယုဘယ်နားထိုင်ထိုင် သူပါလိုက်ထိုင်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ လီယုကြောင့်သာ ရောက်လာရတာဆိုတော့ သူနဲ့ရင်းနှီးနိုင်ဖို့ အခွင့်အရေးကိုမယူနိုင်ဘူးဆိုရင် သေချာပေါက်ဘယ်တန်ပါ့မလဲ...

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Dove le storie prendono vita. Scoprilo ora