Chapter - 44

17K 2.7K 626
                                    

{Zawgyi}

နည်းနည်းလောက် ပွဲထပ်ဆူ

ကျန်းဆွေ့ယင်းက လီယွိကိုမိန်းမောစွာကြည့်ပြီး ဖြေးဖြေးချင်းပြန်မတ်ကာ မသိစိတ်ကနေ သူ့လက်ကို ရှောင်ကျူရဲ့ခါးသေးသေးလေးပေါ်တင်ကာ သူ့ဘက်ဆွဲလိုက်မိသွားတယ်။

လီယွိသူ့ကိုမြင်လိုက်ရချိန်မှာ သူ့ခန္ဓာကိုယ်က ထူးဆန်းတဲ့အနေအထားတစ်ခုနဲ့ ရပ်တန့်သွားပြီး ရှောင်ကျူဘေးမှ ကျန်းဆွေ့ယင်းနဲ့ ကျန်းဆွေ့ယင်းဘေးက ရှောင်ကျူကိုကြည့်ပြီး သူ့ရဲ့လက်တွေနဲ့ ခြေထောက်တွေကို ပြေလျော့စေဖို့ ကြိုးစားနေရတယ်။

ဒီတစ်ကြိမ်မှာတော့ ကျန်းဆွေ့ယင်းလည်း မနေနိုင်စွာ ရှက်ရွံ့မိတယ်၊ ပြီးတော့ ဘာကြောင့် ဒီလောက်မသက်မသာဖြစ်မိနေတာလဲဆိုတာကို သူနားမလည်နိုင်ဘူး။

သူနဲ့လီယွိက ချစ်သူတွေမဟုတ်ကြဘူး၊ အဲ့အတွက် သူတို့တွေဘယ်သူနဲ့ အိပ်ရတာကို သဘောကျကျ၊ ဘယ်သူနဲ့ပဲ အိပ်နေပါစေ လီယွိက ဂရုစိုက်နေမှာမဟုတ်ဘူး။

ဒါပေမယ့်လည်း ဒီမြင်ကွင်းမျိုးကို လီယွိမမြင်စေချင်ဘူး။ ဘာကြောင့်ဆို လီယွိ တုန့်ပြန်ပြန် မပြန်ပြန် သူပဲခံစားရမှာကြောင့်ဖြစ်တယ်။

လီယွိက သူ့ရဲ့တုန်ရီနေတဲ့လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ပြီး သူတို့ကို အပြောင်းအလဲမရှိကြည့်ပြီး ရှေ့ဆက်လျှောက်ကာ ကျန်းဆွေ့ယင်းကို ဒီဘ၀မှာဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့လူလိုမျိုး ဖြတ်လျှောက်သွားတယ်။

သူ့ကိုမြင်လိုက်ရချိန်မှာ ရှောင်ကျူလည်း တုန်ရီနေပြီး မသိစိတ်ကနေ ကျန်းဆွေ့ယင်းဘေးနားကို တိုးကပ်မိတယ်။

အရမ်းကြောက်စရာကောင်းတဲ့ လူတစ်ယောက်ရဲ့မျက်လုံးတွေကို ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ဘူး။

ကျန်းဆွေ့ယင်းရဲ့ဧဒင်ပန်းသီးက လှုပ်ရှားသွားပြီး တံတွေးမြိုချကာ ရှောင်ကျူနောက်ကျောလေးကိုပုတ်ပြီး ခပ်တိုးတိုးပြောလိုက်တယ် "တက်စီငှားပြီး ပြန်နှင့်လိုက်နော်" အဲ့နောက် နောက်ပြန်လှည့်ကာ လီယွိနောက်ကိုလိုက်တော့တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Onde histórias criam vida. Descubra agora