Chapter - 109

18.6K 2.8K 589
                                    

{Zawgyi}

•ဘက်ပေါင်းစုံမှ ပြဿနာများ•

နေဝင်ရီတရောအချိန် ကျန်းဆွေ့ယင်း ဆေးရုံလျှောက်လမ်းရှည်ကဖြတ်ကာ လာခဲ့တယ်။ ဘေးပတ်လည်က အလွန်ကို တိတ်ဆိတ်ငြိမ်သက်နေတာကြောင့် လူတွေကို စိတ်ဓာတ်ကျသလိုမျိုး ခံစားရစေတယ်။

ဆေးရုံခန်းတံခါးတွန်းဖွင့်လိုက်တဲ့အခါ ကုတင်ရှေ့မှာထိုင်ကာ ဂရုတစိုက်ရှိပြီး ရင်နာနေဟန်နဲ့ ကျန်းဆွေ့လင်ကို လှမ်းကြည့်နေတဲ့ ကျောင်ယန်ကို တွေ့လိုက်ရတယ်။

အခန်းထဲမှာရှိတဲ့လူနှစ်ယောက်က တံခါးဖွင့်သံကြားလိုက်တဲ့အခါ တစ်ပြိုင်နက်တည်း တံခါးကို လှမ်းကြည့်လာတယ်။

ကျန်းဆွေ့ယင်း တံခါးနားမှာ မျက်နှာသေနဲ့ ရပ်နေလိုက်တယ်။

ကျန်းဆွေ့လင်က ပါးစပ်ဖွင့်ကာ အသံတိုးတိုးရေရွတ်လိုက်တယ် "အမေ..."

ကျောင်ယန်က ကျန်းဆွေ့ယင်းကို ကြည့်ကာ ထရပ်လိုက်ပြီး ဆေးရုံခန်းပြင်ထွက်ကာ သူ့နောက်မှာရှိတဲ့ တံခါးကိုပါ ပိတ်ပေးသွားတယ်။

အခန်းထဲမှာ တိတ်ဆိတ်လွန်းတာကြောင့် အပ်ကျသံတောင် ကြားနိုင်တယ်။

ကျန်းဆွေ့လင်ပဲ အရင်စပြောတာ ပိုကောင်းတဲ့အတွက် သူအသံအုပ်အုပ်နဲ့ ပြောလိုက်တယ် "ကော လာထိုင်ပါအုံး"

ကုတင်ပေါ်မှာ ကိုယ်တစ်ပိုင်းသေနေသလိုမျိုး လှဲနေရတဲ့ ကျန်းဆွေ့လင်ကိုကြည့်ကာ ထိတ်လန့်တာတွေ မကျေမချမ်းဖြစ်တာတွေ ခံစားမနေနိုင်တော့ဘူး။ အကျင့်ဖြစ်နေတဲ့အတိုင်း သူ့အိတ်ထဲက စီးကရက်ကို ထုတ်ဖို့ကြိုးစားပြီးမှ ဒီဟာက ဆေးရုံဆိုတာ သတိရလိုက်တယ်။ သူ့အိတ်ကပ်ကို ပုတ်ကာ အိပ်ရာနားလျှောက်သွားပြီး ခုလေးတင် ကျောင်ယန်ထိုင်နေခဲ့တဲ့ခုံမှာ ဝင်ထိုင်လိုက်တယ်။

ကျန်းဆွေ့လင်မျက်နှာက ဖြူဖျော့လွန်းလို့ သွေးတောင်မတွေ့နိုင်ဖြစ်နေကာ နှုတ်ခမ်းတွေက ပုံမှန်အတိုင်းမဟုတ်ဘဲ မီးခိုးရောင်သမ်းနေတယ်။ သူ့ပုံစံက အရမ်းအားနည်းနေပြီး စကားပြောဖို့တောင် အားပြုနေရပုံပေါ်တယ်။

ကျန်းဆွေ့ယင်း သူ့ကို တင်စီးဟန်နဲ့ကြည့်နေပြီး မျက်နှာပေါ်မှာ မတည်မငြိမ်ဖြစ်နေတာမျိုး လုံးဝမရှိဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Où les histoires vivent. Découvrez maintenant