Chapter - 37

15K 2.7K 792
                                    

{Zawgyi}

•ဒီမှာတင် ရပ်လိုက်ကြစို့•

နှစ်သစ်ကူးအတွင်း လမ်းမမှာကားအနည်းငယ်သာရှိတယ်။ ကျန်းဆွေ့ယင်း သူ့အိမ်ကို နာရီဝက်လောက်သာမောင်းလာရပြီး နောက်ထပ်နာရီဝက်ကျော်လောက် ထပ်စောင့်ပြီးနောက်မှာ တံခါးသော့ဖွင့်သံကြားလိုက်ရတယ်။

လွန်ခဲ့တဲ့ခြောက်လလုံးမှာ လီယွိက တစ်ပတ်ကိုအနည်းဆုံးတစ်ကြိမ်လောက်တော့ လာလေ့ရှိတာကြောင့် သူ့ကိုသော့တစ်ချောင်းပေးထားတာရှိတယ်။

အပူပေးစက်ကြောင့် အခန်းကနွေးထွေးနေပြီဖြစ်ကာ လီယွိက လေးလံတဲ့အနက်ရောင်ကုတ်ရှည်ကို ဝတ်ထားပြီး ချမ်းတုန်ကာရောက်လာတယ်။

ကျန်းဆွေ့ယင်းအနားလျှောက်လာပြီး သူ့ရဲ့နီရဲနေတဲ့နားရွက်တွေကို ထိကြည့်ပြီး အေးစက်နေတာကြောင့် မျက်မှောင်ကြုတ်သွားတယ်။ "ကားမောင်းလာတာမဟုတ်ဘူးလား... ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အေးစက်လာတာလဲ?"

လီယွိက အပေါ်ကုတ်ရဲ့ဇစ်ကို ဆွဲချလိုက်ပေမယ့် မချွတ်သေးဘူး။ "ကျွန်တော် တက်စီစီးလာတာ၊ ဂိုဒေါင်ကိုဖွင့်လိုက်လို့ အသံတွေထွက်ကုန်ရင် ကျွန်တော့်မိဘတွေနိုးကုန်မှာစိုးလို့"

ကျန်းဆွေ့ယင်းက သူ့နားရွက်လေးကို ပွတ်ပေးရင်းပြောလိုက်တယ် "ငါ့ကိုဒီတိုင်း ဖုန်းခေါ်လိုက်ရောပေါ့ မင်းကို ဝင်ခေါ်လိုက်လည်း ဖြစ်နေတာပဲကို"

"မလိုပါဘူး..." လီယွိက သူ့လက်ကို အသာလှမ်းဆွဲပြီး စိတ်ပျက်သလိုပုံမျိုးနဲ့ စိုက်ကြည့်ပြီးပြောလာတယ် "ကျွန်တော့်မှာ ပြောစရာရှိလို့၊ ပြောပြီးတာနဲ့ ပြန်ရမှာ"

ကျန်းဆွေ့ယင်း စိတ်ထဲမှာတော့ ခံစားချက်ကသိပ်မကောင်းဘူး။ သူ လွှတ်ပြီးတော့ လီယွိကို ကြည့်လိုက်တယ် "ပြောလေ"

လီယွိက သက်ပြင်းချကာပြောလာတယ် "ကျွန်တော်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးက လူသိရှင်ကြားထုတ်ပြလို့မရဘူးဆိုတာ ခင်ဗျားလည်သိတဲ့အတိုင်းပဲ၊ ခင်ဗျားအသက်အရွယ်နဲ့ဆို စိတ်ပျက်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်မှာမဟုတ်ဘူးလို့ ထင်ထားတာ ဒါပေမယ့် ဒီနေ့ခင်ဗျားဘာလုပ်လိုက်လဲဆိုတာ ကြည့်အုံး၊ ကျွန်တော့်အစ်ကိုလည်း ရှိနေတယ်၊ ဆွေ့လင်လည်းရှိတယ်... သူတို့နှစ်ယောက်လုံးက ငတုံးတွေမှမဟုတ်တာ သူတို့မြင်သွားမှာကို မစိုးရိမ္ဘူးလား?"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now