Chapter - 115

19.6K 3K 569
                                    

{Zawgyi}

•အမျိုးအမည်မသိ ကြောက်ရွံ့ခြင်း•

ကျန်းဆွေ့ယင်း အတော်လေးစိတ်ရှုပ်ထွေးသွားရတယ်။

လွန်ခဲ့တဲ့တစ်လတုန်းက သူတို့လမ်းခွဲကြချိန်မှာ သူ့နှလုံးသားထဲ စိုးရိမ်သောကရောက်ခဲ့တာတွေကို သူမှတ်မိသေးတယ်။ အခု သူအသက်ရှုချောင်သွားတဲ့အချိန်မှာ သူ့နှလုံးသားက ပိုလို့တောင် လေးလံလာတယ်။

တစ်လတည်းနဲ့ ငွေသားဆယ်သန်းကို လီယွိဘယ်လို ရှာနိုင်ခဲ့တာလဲ? တွေးကြည့်ဖို့တောင် ဟုတ်မနေဘူး။

သူ လီယွိအကြောင်း တစ်ခုခုသိသင့်တယ်ဆိုပေမယ့် သူ့အနေအထားက ဘာမို့လို့လဲ?

လီယွိက သူ့ကိုငွေကြေးနဲ့ ကာပေးလိုက်တယ်ဆိုရင်တောင်မှ လီယွိအပေါ် အကြွေးတင်နေတယ်လို့ မခံစားရဘူး။ သူ့ဆီကနေ လီယွိက ဒီ့ထက် ပိုပြီးယူထားတာဖြစ်တယ်။ သို့ပေမယ့် နေမထိထိုင်မသာဖြစ်နေတာကိုတော့ ဘယ်လိုမှ အမြစ်မဖြတ်နိုင်ဖြစ်နေတယ်။

သူအိမ်မှာ နားနေစဉ် ရက်တော်တော်များများမှာ သူဒီအကြောင်း တွေးခဲ့တယ်။ ဒါက ကျန်းဆွေ့ယင်းရဲ့စရိုက်သဘာဝနဲ့ ကိုက်ညီမနေဘူး။ သူက တိကျပြတ်သားတယ်။ ဘယ်တော့မှ ယောက္ခမကြီးတစ်ယောက်လိုဖြစ်မနေတတ်ဘူးဆိုပေမယ့် လီယွိဆီ သွားသင့်လာ မသွားသင့်လားဆိုတာကို တော်တောာ်လေး ရုန်းကန်အဖြေရှာလိုက်ရတယ်။ [ T/N : ယောက္ခမကြီးတစ်ယောက်လိုဆိုတာ တချိန်လုံး မျက်စိဒေါက်ထောက်ပြီး လိုက်ကြည့်တာကို ပြောတာနေမယ် ]

အဆုံးမှာ‌တော့ လီယွိရဲ့ကိစ္စတွေမှာ ဝင်မပါသင့်တော့ဘူးလို့သာ ခံစားမိတယ်။ သူအချိန်တော်ကြာအောင် အလုပ်များပြီး ပင်ပန်းခဲ့ရတာကြောင့် လက်ပြနှုတ်ဆက်ပြီးဖြစ်တဲ့ အချစ်ဟောင်းအကြောင်း တွေးနေတာထက် သက်သောင့်သက်သာဖြစ်မယ့်နေရာတစ်ခုကို ရှာသင့်တယ်။

ဒီလိုမျိုး ဆုံးဖြတ်ချက်ချပြီးနောက် ဒီမှာဆက်နေဖို့ ချက်ချင်းဆိုသလို သူ့အတွင်းရေးမှုးကို သူ့အတွက် အားလပ်ရက်စီစဉ်ပေးဖို့ ပြောလိုက်တယ်။ မကြာခင် သူ့မှာတွေးစရာကိစ္စတွေ ရှိလာအုံးမှာ။ သောက်ကျိုးနည်းအောင် စိတ်ပျက်စရာကောင်းတဲ့အတွက် အားလပ်ရက်ယူပြီး နားနေတာ ပိုကောင်းမယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now