Chapter - 69

18.6K 2.8K 521
                                    


{Zawgyi}

•နောင်တဆိုတာ ကျက်သရေတုံးတဲ့ မြေးတစ်ယောက်ပဲ!•

လက်ဗလာနဲ့ထိုးကြိတ်ကြတာဖြစ်လို့ ကိစ္စက မကြီးသွားဘူး။ ရဲတွေက သူတို့ကို ရဲစခန်းခေါ်သွားရမယ့်အစား နှစ်ယောက်စလုံး ဆေးရုံကိုသာ တန်းခေါ်လာရတယ်။

သူ ရဲကားပေါ်ရောက်သွားချိန်ကစပြီး ကျန်းဆွေ့ယင်း တစ်ခွန်းမှမပြောတော့ဘူး။ ရဲတွေက သူစကားပြောလာဖို့ ဘယ်လောက်ပဲ ဖြောင်းဖြနေပါစေ သူကတော့ ထောင့်နားလေးမှာထိုင်နေပြီး ရှေ့တူရှုကိုသာ ကြောင်တောင်လေးငေးကြည့်နေတယ်။

သူဆေးရုံကိုရောက်တဲ့အချိန်မှာ ဆရာဝန်တွေက ဒဏ်ရာတွေကို ကုပေးပြီးနောက် ဆေးရုံမှာညအိပ်ဖို့ အတင်းပြောကြတယ်။ ကျန်းဆွေ့ယင်းက အတွင်းရေးမှုးလျန်ကို ဖုန်းလှမ်းဆက်ပြီး အရှုပ်ထုပ်တွေကို သူ့အစားရှင်းပေးဖို့အတွက် လာရန်ပြောလိုက်တယ်။

ဒီလိုညဘက်ကြီး အမျိုးသမီးတစ်ယောက်တည်း ကားမောင်းတာမျိုးကို မလုပ်စေချင်ပေမယ့် ခဏလောက်တွေးကြည့်ပြီးနောက်မှာတောင် အခုလိုအချိန်မှာ ဘယ်သူ့ကိုသွားရှာရမှန်းမသိဘူး။

ကံကောင်းချင်တော့ အတွင်းရေးမှုးလျန်ရဲ့အမျိုးသားက သူမကို ဒီနေရာကိုမောင်းပို့ပေးလာတယ်။ သူတို့တွေက အချင်းချင်းကောင်းစွာနားလည်ကြပြီး ဘာဆိုဘာမှမမေးခဲ့ဘူး။ အဲ့အစား သူတို့က ကျန်းဆွေ့ယင်းရဲ့ဆေးကုသစရိတ်ကို အမြန်ရှင်းပေးကာ တစ်ယောက်ခန်းဆီ ပြောင်းပေးပြီး ညတွင်းချင်း ရဲတွေနဲ့ပြဿနာကို ဖြေရှင်းပေးကြတယ်။

ကျန်းဆွေ့ယင်း ဆေးရုံအဆောင်မှာ လှဲကာ အနက်ရောင်မျက်နှာကျက်ကို ကြည့်နေမိတယ်။ သူတကယ့်ကို အရမ်းပင်ပန်းနေပြီဆိုပေမယ့် အိပ်လို့မရဘူး။

သူ့ဘ၀မှာ ဒီလိုကျရှုံးမှုမျိုးကို တစ်ကြိမ်မှ မကြုံခဲ့ဖူးဘူး။ အတိတ်တုန်းက ကျရှုံးမှုတိုင်းက သူ့အတွက်တော့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို တွေးပြီး စိတ်တက်ကြွစေခဲ့ရုံသာဆိုပေမယ့် ဒီတစ်ကြိမ်မှာတော့ မနက်ဖြန်အကြောင်းတွေးဖို့ကိုတောင် ပင်ပန်းလွန်းလှတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Kde žijí příběhy. Začni objevovat