Chapter - 104

20.4K 2.8K 616
                                    


{Zawgyi}

•ပြေရာပြေကြောင်း ဖြန်ဖြေပေးခဲ့ ၂•

လီယွိက လောင်ဝူကို ညစာစားတဲ့အထိ နေဖို့ပြောပေမယ့် လောင်ဝူကတော့ ပြန်ဖို့ပဲ တာစူနေတယ်။

လောင်ဝူပြန်သွားတဲ့နောက် လီယွိတစ်ယောက်တည်း မီးဖိုချောင်မှာ အလုပ်လုပ်ရတော့တယ်။ သူနည်းနည်းပါးပါး ချက်ပြုတ်တတ်တယ်ဆိုပေမယ့် သေချာသင်ကြားဖူးတာမျိုးမရှိဘူး။ သို့ပေမယ့် ဒီညစာကိုတော့ အတော်လေးဂရုတစိုက်လုပ်ခဲ့တယ်။ ဒီညစာလောက်နဲ့ ဘာမှပြောင်းလဲသွားမှာမဟုတ်မှန်း သိပေမယ့် ကျန်းဆွေ့ယင်းရှေ့မှာ ကောင်းကောင်းလုပ်နိုင်ပြီး ကြည့်ကောင်းနေစေဖို့ကိုတော့ ဘယ်တော့မှ အလွတ်မခံဘူး။

သူက ငယ်ရွယ်သေးပြီး အချိန်တွေအများကြီးရှိသေးတယ်လို့ တွေးမိတာကြောင့် ခေါင်းမာမာနဲ့ပဲ သူသာ ကျန်းဆွေ့ယင်းကို ကြိုးကြိုးစားစားနဲ့ ရိုးသားပေးမယ်ဆိုရင် တစ်နေ့မှာ ပြန်လက်ခံလာလိမ့်မယ်လို့ မျှော်လင့်တယ်။ အစောပိုင်းတုန်းက ကျန်းဆွေ့ယင်း ပိုပြီးစိတ်ပျက်သွားအောင် သူတွန်းအားအရမ်းပေးမိသလို ဖြစ်သွားမှန်းသတိပြုမိတယ်။ ဒါကြောင့် အခုတည်တည်ငြိမ်ငြိမ်နဲ့ ခပ်မှန်မှန်လေးနေကာ သူက မှီခိုလို့ရတဲ့ လူဖြစ်ကြောင်း ကျန်းဆွေ့ယင်းကို သိမ်းသွင်းရမယ်။

သူချက်ပြုတ်နေတုန်း ကျန်းမိသားစုရဲ့ မြေးအဖိုးနှစ်ယောက်က စာကြည့်ခန်းထဲမှာ ကိုးရို့ကားယားစကားဝိုင်းတစ်ခု ဖြစ်နေတယ်။

"ဆွေ့ယင်း သုံးရက်တစ်ခါ နှစ်ရက်တစ်ခါလောက် လူပြောင်းတွဲနိုင်တာကို ယောကျာ်းပီသတယ်ဆိုပြီး ထင်မနေသင့်ဘူး၊ လူတစ်ယောက်ကိုပဲ တစ်ဘ၀လုံး ထိန်းသိမ်းထားပြီး သူတို့နဲ့နေရတဲ့ဘ၀က တန်ဖိုးရှိတယ်လို့ ခံစားရအောင် လုပ်ပေးရမှာ၊ ဒါကမှ ယောကျာ်းပီသတာကွ"

ကျန်းဆွေ့ယင်း သက်ပြင်းချလိုက်တယ် "အဖိုး ဘယ်သွားချင်လဲ?"

"ငါ့ကို ပေါ့ပျက်ပျက်လာလုပ်မနေနဲ့၊ မင်းက လူထူးဆန်းတစ်ယောက်ဖြစ်မှန်း ပထမဆုံးသိလိုက်ရတုန်းက ငါမင်းကို ဒေါသမထွက်ခဲ့ဘူး၊ ဒါပေမယ့် နောက်ကျမှ မင်းကို မထိန်းချုပ်နိုင်သလို မင်းကို ထိန်းချုပ်ဖို့လည်း မလုပ်ခဲ့မိဘူးဆိုတာ သိလာရတယ်... မင်းအဖေလုပ်ခဲ့တာတွေထက်စာရင် မင်းက သဘာဝအတိုင်း ဘယ်သူ့ကိုမှ ထိခိုက်စေတာမျိုးမဟုတ်ဘူး၊ မင်းက ငယ်သေးတယ်၊ အခြေအနေလည်းကောင်းသလို၊ အပေါင်းအသင်းလည်း ပေါတယ်၊ ပြီးတော့ ရွေးခြယ်စရာတွေလည်း ရှိတယ်ဆိုပေမယ့် ကောင်းမွန်တဲ့ကိစ္စက ဒီတိုင်း ဆက်သွားလိမ့်မယ်ဆိုပြီး ထင်မနေနဲ့... မကြာခင် မင်း ငြီးငွေ့လာပြီး မင်းကို နေ့တိုင်း ရေပူရေချမ်း ကမ်းပေးမယ့်လူတစ်ယောက်တော့ မင်းအနားမှာ လိုကိုလိုတယ်ဆိုတာ ခံစားမိလာလိမ့်မယ်၊ ဒီတိုင်း ဖြတ်သွားဖြတ်လာမဟုတ်ဘူးနော် မင်းနောက်လိုက်ပေးမယ့်သူ၊ မင်းနားမှာ နေပေမယ့်သူ ပြီးတော့ မင်း ညဘက် အိမ်ပြန်လာချိန်မှာ မင်းအတွက် မီးအိမ်လေးတစ်ခု ထွန်းပေးထားမယ့်သူ... မင်း လက်ထပ်တာတွေဘာတွေကို ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ငါသေတဲ့အထိတောင် မင်းနားမှာ အဖော်အလှော်လေးပဲရှိပြီး တစ်ယောက်တည်း နေနေရမှာမျိုးကို မမြင်ချင်ဘူး" [ T/N : အဖိုးလုပ်တာနဲ့ အချောလေးတစ်ယောက်လောက်တောင် လိုအပ်သွားပြီ ]

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Tahanan ng mga kuwento. Tumuklas ngayon