Chapter - 108

18.3K 2.7K 296
                                    


{Zawgyi}

•ဝမ်းနည်းစရာ အကောင်းဆုံးအရာ•

ကျန်းဆွေ့ယင်း အကြာကြီး အိပ်မပျော်သွားဘူး။ သူ့စိတ်ထဲမှာ ကိစ္စပေါင်းမြောက်များစွာ ရှိနေတာကြောင့် ခဏလောက်မှေးပြီးတာနဲ့ ပြန်နိုးလာတယ်။

သူနိုးလာချိန်မှာ ဘေးနားမှာရှိနေတဲ့လီယွိကို မြင်လိုက်ရတာကြောင့် ဒီလူရှိနေသေးတာကို သိလိုက်ရပြီး ခဏလောက် ကြောင်အသွားတယ်။

ဒီနာရီပေါင်းသုံးဆယ်က သူ့အတွက် အလွန်ခက်ခဲခဲ့ရတယ်။ သူ့ဘေးနားမှာ တစ်ချိန်လုံး ယောင်ပေပေလိုက်လုပ်နေတဲ့ လီယွိအပါအဝင် ကိစ္စတော်တော်များများကို လျစ်လျူရှုခဲ့ရတယ်။

ကားက လီယွိဆီ အရှိန်နဲ့သွားနေတာကို မြင်လိုက်ရချိန်တုန်းက သူ့ကြောင့်ဖြစ်ခဲ့ရတဲ့ ထိတ်လန့်မှုနဲ့ စိုးရိမ်မှုကို ရုတ်တရက်ပြန်တွေးမိပြီး သူ့နှလုံးသားက မကြည်မသာဖြစ်သွားရတယ်။ အခုချိန်သာ အရေးပေါ်လူနာဆောင်ထဲ လှဲနေရသူက လီယွိသာဆိုရင် သူ့စိတ်က ဘယ်လိုဖြစ်နေလိမ့်မလဲ?

ရင်ထဲ လေးလံနေပြီး မနေနိုင်စွာ မေးလိုက်တယ် "လက်ဘယ်လိုနေလဲ?"

လီယွိ အံ့ဩသွားပြီး ခပ်ဆိတ်ဆိတ်ဖြေလာတယ် "အဆင်ပြေပါတယ်"

ကျန်းဆွေ့ယင်းက သူ့ရဲ့ပတ်တီးထူထူတွေ ပတ်ထားရတဲ့လက်ကိုကြည့်ပြီး မျက်လုံးပြန်မှိတ်ချလိုက်တယ် "ကျောင်ယန်ကို မင်းဘယ်လို ပြောလိုက်လဲ?"

"သူက ကောကို တိုက်မလိုလုပ်ပြီးမှ နောင်တရသွားပုံပေါ်တယ်လို့ ပြောလိုက်တာ" လီယွိ တွေးဆဆနဲ့ ထပ်ပေါင်းပြောလိုက်တယ် "သူ ယုံတော့ ယုံသွားတာပဲ"

ကျန်းဆွေ့ယင်း ခေါင်းငြိတ်ကာ လေသံနဲ့ပြောလာတယ် "ဘာလိုပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်"

လီယွိ ခါးသက်စွာနဲ့ "ကျွန်တော်က ကောကို ဝမ်းမနည်းစေချင်ရုံပါပဲ"

ကျန်းဆွေ့ယင်းက သူ့ရဲ့လေးနက်တဲ့မျက်ဝန်းတွေကို ရှောင်တိမ်းကာ ထိုင်ခုံကနေ မတ်တပ်ထရပ်ပြီး ကျောပေးလိုက်တယ် "ပြန်နားတော့"

လီယွိကလည်း မတ်တပ်ထလာတယ် "ကျွန်တော် ဒီမှာ ကောကို အဖော်လာပြုပေးပြီး ကူညီနိုင်တာများ..."

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now