Chapter - 87

21.4K 3K 1K
                                    

{Zawgyi}

•သူ့မျက်နှာပေါ်က လက်ဖက်ရည်!•

ထိုနေ့တည်းက ကျန်းဆွေ့ယင်း ကုမ္ပဏီကို မသွားတော့ဘူး။ သို့ပေမယ့် သူနဲ့ဖြေရှင်းစရာကိစ္စတချို့ ကျန်နေသေးတာကြောင့် သူနဲ့ အတွင်းရေးမှုးလျန်းတို့ကတော့ အဆက်အသွယ်လုပ်နေရတုန်းပဲဖြစ်တယ်။

အတွင်းရေးမှုးလျန်းက သူနဲ့အချိန်အကြာဆုံး တွဲလုပ်လာခဲ့တဲ့ ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်တယ်။ သူမက သူမရဲ့သဘောထားကိုတောင် ဖော်ထုတ်ပြလာပြီးပြီဖြစ်တယ် "Mr.ကျန်း ဘယ်သွားသွား ကျွန်မကိုပါ ခေါ်သွားပေးပါ"

တကယ်တော့ သူမတင် မဟုတ်ပေ။ ကုမ္ပဏီထဲက လူအများစုက ကျန်းဆွေ့လင်ဦးဆောင်မယ့် ကုမ္ပဏီကို သဘောမတူကြဘူး။ ဘယ်လိုနေနေ သူက ငယ်ရွယ်သေးတယ်။ ဒါ့အပြင် သူလုပ်ခဲ့တာ ကြိတ်ပုန်းပဲဆိုတာကို လူတိုင်းခန့်မှန်းနိုင်နေတာကြောင့် သူ့ရဲ့ဂုဏ်သတင်းက သိပ်မကောင်းလှဘူး။ ကုမ္ပဏီကလူတွေက ကျန်းဆွေ့ယင်းကို ယုံကြည်နေကြဆဲဖြစ်တယ်။ ဒီလိုပဋိပက္ခတွေကြောင့် မလွှဲသာမရှောင်သာ ကုမ္ပဏီကနေ သူထွက်သွားရတာဖြစ်တယ်။

ရက်ပိုင်းအတွင်းမှာတင် လူလေးယောက်ထွက်သွားပြီဖြစ်ကာ တရုတ်နှစ်ကူးပြီးရင် ဘယ်လိုပြောင်းလဲမှုတွေဖြစ်မလဲ မသိနိုင်ကြဘူး။

ကျန်းဆွေ့ယင်းကတော့ ဟာသပြဇာတ်ကို ပျော်ပျော်ကြီး ကြည့်နေရတယ်။

သူအနားယူပြီး ပြန်စတဲ့အချိန်ကျရင် ကုမ္ပဏီထဲက အရည်အချင်းရှိတဲ့လက်အောက်ငယ်သားတွေအားလုံးကို ပြန်ခေါ်ပြီး ကျန်းဆွေ့လင်ကို အဆောက်အအုံအခွံလွတ်ကြီးနဲ့ လူတွေမကြိုက်ကြတဲ့အရသာကို ကောင်းကောင်းခံစားခိုင်းလိုက်မယ်လို့ စီစဉ်ထားတယ်။

ထိုနေ့ ရှောင်ကျူ ဈေးဝယ်ထွက်တယ်။ နွေဦးပွဲတော်အပြီးမကြာခင်မှာ သူ့ဇာတိကို ပြန်ဖို့ရှိတယ်။ ကျန်းဆွေ့ယင်း သူ့ကိုမလွှတ်ချင်ဘူး။ နွေဦးပွဲတော်အတွက် သူ့ကိုပဲအားထားမယ်လို့ စိတ်ကူးထားတာဖြစ်တယ်။ သူ့ကိုပြန်ခိုင်းလိုက်ရင် သူတစ်ယောက်တည်း ပျင်းစရာကောင်းနေမှာ။ သို့ပေမယ့်လည်း နွေဦးပွဲတော်ကာလမှာ အိမ်ကိုပြန်ရမယ်ဆိုတာက ရိုးရာတစ်ခုဖြစ်တယ်။ တစ်နှစ်တာလုံး အပြင်လောကမှာ လှည့်ပတ်သွားနေပြီး ထိုအချိန်မှာ နှစ်ဟောင်းကိုစွန့်ကာ နှစ်သစ်ကိုကြိုဆိုရင်း မိသားစုတွေ ပြန်ဆုံစည်းရတာဖြစ်တယ်။ ကျန်းဆွေ့ယင်း သူ့ကို ခက်ခဲအောင် မလုပ်ချင်ဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now