Chapter - 98

21.4K 2.9K 277
                                    

{Zawgyi}

•ခင်ဗျားကြောင့် ဖွင့်ထုတ်ခဲ့တာ!•

ကျန်းဆွေ့ယင်းရဲ့မျက်နှာပေါ်က ကြွက်သားတွေ တွန့်ရှုံ့သွားတယ်။ သူလီယွိရဲ့ပါးစပ်ကြီးကို တကယ်ရိုက်ပစ်ချင်နေတာ။

သူက ပိုက်ဆံကို ဘယ်တော့မှမေ့မပစ်နိုင်ဘူးလို့ တကယ်ထင်နေခဲ့တာလား?

ကျန်းဆွေ့ယင်း ဓာတ်လှေကားကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်တယ် "မင်းအခု ဒီထဲဝင်ရင်ဝင် ထွက်ချင်ထွက် မဟုတ်လို့ကတော့ မင်းကို ပြတင်းပေါက်ကနေ ပစ်ချလိုက်တော့မယ်"

လီယွိ ခေါင်းကို တွင်တွင်ခါနေပြီး သူ့ရဲ့မူးရူးနေတဲ့မျက်လုံးတွေက ကြည့်တယ်ဆိုရုံသာ ကြည့်နိုင်တယ် "ကျန်းကော သူ့အိမ်မှာ နေနေတာ ကြာလှပြီမဟုတ်လား? ဒီမှာပဲ တစ်သက်လုံး နေတော့မှာလား? ဘယ်လိုဆိုရင် အိမ်ပြန်လာမှာလဲ? ကျွန်တော် ကောပြန်လာမှာကို အိမ်ကနေ စောင့်နေတာ"

ကျန်းဆွေ့ယင်း သူ့ကိုကြိမ်းမောင်းတော့တယ် "ငါ့မှာ အိမ်မရှိဘူး၊ ငါ့အမေကလည်း သေပြီ၊ ငါ့အဖေကလည်း နောက်မိန်းမယူထားတယ်... ငါ့မှာ တစ်ယောက်မှမရှိဘူး"

လီယွိမျက်လုံးတွေက ဝမ်းနည်းရိပ်တွေ စွန်းထင်းလို့နေတယ် "ဒါဆိုလည်း ကောက ကျွန်တော်နဲ့အတူ မိသားစုတစ်ခု ထူထောင်လို့ရတယ်လေ၊ ကျန်းကော အခု ကျွန်တော် အရမ်းဆိုးရွားနေပေမယ့် ကောမှီခိုနိုင်မယ့် ယောကျာ်းတစ်ယောက်ဖြစ်လာအောင် သေချာပေါက်လုပ်မှာပါ၊ ကော ကျွန်တော့်ကို ကြိုက်တယ်လေ... ဆက်ပြီး ကြိုက်ပေးပါနော်၊ ဒီတစ်ခေါက်တော့ ကောကို ဘယ်လိုမှအကျဆုံးမခံပါဘူး"

ကျန်းဆွေ့ယင်းနှာခေါင်းထဲမှာ ချဉ်စူးစူးခံစားချက်တွေနဲ့ ပြည့်နှက်နေတာကြောင့် သူ့ကိုအလွန်တရာမသက်မသာဖြစ်စေတယ်။ အရင်က လီယွိနဲ့အကြိမ်ပေါင်းများစွာ အဆင်မပြေဖြစ်ခဲ့ချိန်မှာ တစ်နေ့တော့ လီယွိကို အပြတ်အသတ်အနိုင်ယူပြီး သူ့ကိုယ်သူအတွက် လေးစားမှုပြန်ယူရမယ်လို့ အိမ်မက်မက်ခဲ့တယ်။ သို့ပေမယ့် နှမြောစရာကောင်းတာက ထိုကဲ့သို့နေ့မျိုး ရောက်လာခဲ့ပေမယ့် သူ့ကိုယ်သူသာ ရှုံးနေခဲ့တာကြောင့် ဝမ်းနည်းမှုကိုသာ ခံစားရတယ်။ လီယွိအပေါ် သူ့ရဲ့နှစ်သက်မှုတွေ သဘောကျမှုတွေက သူ့ရဲ့အလေ့အကျင့်ဖြစ်လာပုံရတယ်။ ဒီလိုအကျင့်က မကောင်းမှန်းသိပေမယ့် လက်မလျှော့နိုင်ဘူး။ သူလီယွိကို လက်မလျှော့နိုင်ဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now