Chapter - 38

15.3K 2.6K 379
                                    

{Zawgyi}

•အတင်းအဖျင်းပြော‌နေကြတဲ့ အဖိုးကြီးနဲ့ လူရွယ်•

နောက်တစ်နေ့ထိ ကျန်းဆွေ့ယင်း အအိပ်လွန်သွားပြီး သူ့အဖေဖုန်းခေါ်မှပဲ နိုးလာတော့တယ်။

ဖုန်းထဲကနေ သူ့အဖေက စကားအနည်းအကျဉ်းပြောပြီး သူဘယ်ရောက်နေလဲဆိုတာ မေးလာတယ်။

ကျန်းဆွေ့ယင်း ပြန်ဖြေချင်စိတ်မရှိတာကြောင့် ဖုန်းချပြီး အဝတ်တွေကောက်ဝတ်ကာ အိမ်ကို တတ်နိုင်သမျှ မြန်မြန်ပြန်မောင်းလာတယ်။

သူ့အဖေနဲ့ ဆွေ့လင်တို့က ဧည့်ခန်းထဲမှာ ထိုင်နေကြတယ်။ ကျန်းဆွေ့ယင်းက ဘာမှမယူဘဲသွားမှာဖြစ်လို့ ဒရိုင်ဘာကို ခေါ်ပြီး လမ်းမကြီးဆီကို ချက်ချင်းထွက်လာခဲ့တယ်။

ကျန်းဒုံယွမ်က ကားမောင်းသူဘေးကခုံမှာထိုင်ကာ ဒရိုင်ဘာနဲ့ စကားတွေပြောနေပြီး ကျန်းဆွေ့ယင်းနဲ့ ကျန်းဆွေ့လင်တို့ကတော့ အနောက်ခုံမှာပါလာတယ်။

ကျန်းဆွေ့ယင်းက ထိုင်ခုံကို မှီချကာ လက်ပိုက်ပြီး မျက်လုံးတွေကို မှိတ်ထားတယ်။ အိမ်ကထွက်လာတည်းက အခုချိန်ထိဘာတစ်ခွန်းမှ မပြောခဲ့ဘူး။

ကျန်းဆွေ့လင်က မင်္သကာဖြစ်စွာ ကြည့်နေပြီး နောက်ဆုံးတော့ မနေနိုင်ဘဲအပျော့ဆွဲမေးမိတယ် "ကော မနေ့ညတုန်းက ဘယ်သွားတာလဲ?"

ကျန်းဆွေ့ယင်းဆီက တစ်ခွန်းသာပြန်ထွက်လာတယ် "မင်းအပူမဟုတ်ဘူး"

သူ့အစ်ကို စိတ်အခြေအနေဆိုးဝါးနေတာကို ကျန်းဆွေ့လင်တွေ့နေရတယ်။ သို့ပေမယ့် များသောအားဖြင့် သူ့အစ်ကိုစိတ်အခြေအနေမဟန်ရင် သူ့ဘေးနားက လူတွေ အရာဝတ္ထုတွေကို မွန်းကြပ်ပြီးနေရခက်အောင် လုပ်တာကိုပဲ ကျင့်သားရနေခဲ့တာဖြစ်တယ်။ သူ့နှဖူးပေါ်မှာ "သခင်လေး စိတ်ရှုပ်နေတယ်"ဆိုတဲ့ စကားလုံးတွေ မြင်သာနေတာကြောင့် သူမကြည်မလင်ဖြစ်နေမှန်းသိသာတယ်။ ဒီလိုဖြစ်တာမျိုးက အရမ်းရှားတယ်။

သူ့ရဲ့စမ်းစစ်မှုတွေအရဆို သူ့အစ်ကို ဒေါသထွက်ဖို့ အရှိန်ယူနေတာ ဒါမှမဟုတ် လူတွေကို ဆန့်ကျင်ဖို့ကြံစည်နေသလိုဖြစ်နေတာကြောင့် သူ့အတွက် ခံစားချက်ကကောင်းမနေဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Onde histórias criam vida. Descubra agora