Chapter - 56

16K 2.4K 387
                                    

{Zawgyi}

•လက်စွပ်နှင့် ရှက်ရွံ့နေသော ချစ်သူ•

နောက်ဆုံးတော့ လီယွိစိတ်လျှော့သွားအောင် ကျန်းဆွေ့ယင်းနှစ်သိမ့်နိုင်ခဲ့ပြီး ကားပါကင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားမှာကို ရှောင်နိုင်ခဲ့တယ်။

သူတို့တွေ ကားထဲဝင်ပြီး ထွက်ဖို့အဆင်သင့်ဖြစ်နေပြီ။

လီယွိက ကားထဲဝင်ထိုင်ပြီး ကျန်းဆွေ့ယင်းက ဘေးထိုင်ခုံမှာထိုင်ဖို့ ကားကို ပတ်သွားလိုက်တယ်။ ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကားပါကင်ထဲကို အရှိန်နဲ့ဝင်လာတဲ့ အနက်ရောင်အမိုးပွင့်ကားလေးကို တွေ့လိုက်ရတယ်။

ကျန်းဆွေ့ယင်းငယ်ငယ်လေးတည်းက ဒီလိုကားမျိုးတွေဆို သဘောကျတဲ့အတွက် ဘယ်လိုအမျိုးအစားလဲဆိုတာကို သူ့အကျင့်အတိုင်း လိုက်ကြည့်မိသွားတယ်။ ရလဒ်ကတော့ ကားမောင်းတဲ့ခုံမှာထိုင်နေတဲ့လူကို မြင်လိုက်ရပြီး ချက်ချင်းဆိုသလို မျက်လုံးထဲမှာ မီးတောက်သွားတယ်။

အဝါရောင်ဆိုးထားပြီး ထိုးထိုးထောင်ထောင်ဆံပင်တွေနဲ့က သူ့ပိုက်ဆံတွေကို အလစ်သုတ်ပြီး ပုန်းနေလို့ ဘယ်မှာလိုက်ရှာရမှန်း မသိဖြစ်နေတဲ့ သူ့ရဲ့ရူးကြောင်ကြောင်ညီဝမ်းကွဲ ပိုင်ရှင်းယွီမဟုတ်လား?

ကျန်းဆွေ့ယင်း ကားတံခါးကို အားနဲ့ပိတ်ချပြီး အော်လိုက်တယ် “ပိုင် ရှင်း ယွီ!”

ပိုင်ရှန်းယွီကားထဲမှာ ခပ်ဟော့ဟော့ဘော်ဒီနဲ့ လှတပတအမျိုးသမီးတစ်ယောက် ရှိနေသေးတယ်။ အလှလေးက ခါးကိုလိမ်ကောက်ပြီး ကားပေါ်က ဆင်းလာပြီဖြစ်တယ်။ သူမက အိတ်သေးသေးလေးနဲ့ ပိုင်ရှင်းယွီကိုစောင့်နေတုန်း ကျယ်လောင်တဲ့အသံကြီးက ကားပါကင်တစ်ခုလုံး ဟိန်းပြီးထွက်လာတယ်။ သူတို့နဲ့ခပ်ဝေးဝေးရောက်နေတဲ့ နှစ်ယောက်တောင် လန့်ဖြန့်သွားတယ်။

ပိုင်ရှင်းယွီ လှည့်ကြည့်လိုက်တော့ သူ့ဆီကို ကြောက်စရာကောင်းတဲ့ပုံကြီးနဲ့ လာနေတဲ့ ကျန်းဆွေ့ယင်းကို တွေ့လိုက်ရတယ်။

ထိုကလေးခမျာ ကြောက်လွန်းလို့ သူ့လက်ထဲက သော့ကို ပြန်ထည့်လိုက်တယ်။ ကားစက်နှိုးပြီးတာနဲ့ ခြေထောက်တစ်ဖက်က လီဗာကိုနင်းက ထွက်ပြေးတော့တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Opowieści tętniące życiem. Odkryj je teraz