Chapter - 61

16.7K 2.5K 225
                                    

{Zawgyi}

•ညီနောင်ရင်းချာလို မရှိလှသော ညီအစ်ကို•

ကျန်းဆွေ့ယင်း အိမ်ပြန်မလာဖြစ်တာ တစ်လလောက်ရှိပြီဖြစ်တယ်။ သူ့အဖေက အတော်လေးပျော်ရွှင်နေတဲ့အတွက် တစ်စုံတစ်ယောက် ပေးထားတဲ့ Moutaiပုလင်းကို ဖောက်ခဲ့တယ်။

သူလည်း သူ့အဖေရယ် ရှောင်လင်ဇီရယ်နဲ့ နှစ်ခွက်လောက် သောက်ပေးခဲ့တယ်။ သူ့အဖေရဲ့ရဲတက်လာတဲ့ မျက်နှာကို မြင်တော့ ရုတ်ခြည်း သူ့အဖေလည်း အရွယ်အိုနေပြီလို့ ခံစားမိသွားတယ်။

လွန်ခဲ့တဲ့လအနည်းငယ်လောက်က သူ့အဖေ ကုန်စည်ပို့ဆောင်တဲ့ကုမ္ပဏီတစ်ခုကို ဝယ်ယူခဲ့ပြီး ခွဲတမ်းချတာတွေနဲ့ အလုပ်များနေခဲ့တယ်။ သွင်းကုန် ထုတ်ကုန်တွေကို အချိန်ကိုက်လုပ်နေဖို့လိုတယ်။ သူ့အသက်အရွယ်က မငယ်တော့ပေမယ့် သူ့အဖေက တစ်ရက်မှ နားနားနေနေ မနေဘူး။ လူတော်တော်များများလည်း အဖိခံနေရပုံပေါ်တယ်။

သူတို့သုံးယောက် သောက်နေတဲ့အချိန်ဆို ကျောင်ယန်က အလွန်အလိုက်သိပြီး လုံးဝကို ပေါ်မလာတတ်ဘူး။ အဲ့တာကြောင့်မို့ ယနေ့ ကျန်းဆွေ့ယင်း စိတ်ကြည်နေတယ်။ သူမ ဒီအိမ်ကို ပြန်လာတဲ့အချိန်တွေဆိုရင် ရှင်းမပြနိုင်တဲ့ မကျေမနပ်မှုတွေဝိုင်းနေတယ်ဆိုတာမျိုးက ရှားတယ်။ သစ်တုံးတွေကတောင်မှ ပိုပြီးဖက်လှဲတကင်းရှိသေးတယ်။

သူ့အဖေက အနည်းငယ်ရီဝေနေပြီဖြစ်တာကြောင့် အနားယူဖို့ အပေါ်ကို စောစောစီးစီးတက်သွားတယ်။

ကျန်းဆွေ့ယင်းကတော့ အောက်ထပ်မှာ ကျန်းဆွေ့လင်နဲ့ စကားပြောနေခဲ့ပြီး ပေဟိုင်းမှာ ကြုံနေရတဲ့အခြေအနေအပေါ် သူ့ရဲ့ကိုယ်ပိုင်အတွေးတွေနဲ့ ထင်မြင်ချက်တွေကိုပါ တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာပြနေတယ်။

သောက်ထားတဲ့အတွက်ကြောင့် ကျန်းဆွေ့လင်မျက်နှာက နီမနေဘူးဆိုရင် သူ့မျက်နှာက မတူညီတဲ့အရောင်ဖြစ်နေမှာကို ကျန်းဆွေ့ယင်း သေချာပေါက် တွေ့နိုင်မှာဖြစ်တယ်။

“ဘာပဲဖြစ်ဖြစ် မင်း ပေဟိုင်းကို သွားရင် တတ်နိုင်သလောက် လီရွှမ်းနဲ့ မဆက်သွယ်မိဖို့ ကြိုးစား၊ မင်း ပေဟိုင်းမှာတုန်းက အဲ့ကို နှစ်ခေါက်လောက် ရောက်ဖူးတယ်ဆိုတော့ အဲ့မှာရှိတဲ့လူတွေကို ဆက်သွယ်နိုင်မှာပဲ… မင်းဖို့ ငါအဲ့တာကို လုပ်ပေးမယ်”

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now