Chapter - 107

18.8K 2.8K 424
                                    


{Zawgyi}

•သူတို့ အသက်ရှင်နေသရွေ့!•

ဆေးရုံကို ရောက်လာချိန်မှာ ကျန်းဆွေ့ယင်း တည်ငြိမ်သွားတယ်။

ကျန်းဆွေ့လင်ကို ခွဲစိတ်ခန်းထဲ သွင်းသွားကြပြီး သူနဲ့ လီယွိကတော့ ခွဲစိတ်ခန်းအပြင်မှာ တိတ်ဆိတ်စွာ ရပ်နေကြတယ်။ သူ့အဖေကို ဘယ်လိုဖုန်းခေါ်ရမလဲဆိုတာနဲ့ ကျန်းဆွေ့လင်မှာ ဖြစ်လာနိုင်ခြေရှိတာကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့အတွေးတွေသာ ပြည့်နေတယ်။

အဆိုးဆုံးအနေနဲ့ သူ့ဘ၀မှာ ညီဖြစ်သူကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာမဟုတ်ဘူးဆိုတာက သူ့ကို အံတင်းတင်းကြိတ်မိစေတယ်။

ဘယ်လိုပဲ ရှောင်လင်ဇီကို မုန်းနေပါစေ သူ့အစ်ကိုဖြစ်သူကို တစ်ယောက်တည်းထားသွားပြီး သေတော့မယ်ဆိုတဲ့အရာမျိုး သူလက်မခံနိုင်ဘူး။

အသက်ကယ်နိုင်မယ်ဆိုလို့ကတော့ အနည်းဆုံး သူ့အသက်ကို ကယ်တင်ပေးဖို့သာ ကျန်းဆွေ့ယင်း မျှော်လင့်မိတယ်။

လီယွိကလည်း ထိတ်လန့်တာကနေ အပြည့်အ၀ပြန်မကောင်းမွန်လာသေးဘူး။

ကျန်းဆွေ့လင်က သူ့ကိုသတ်ဖို့ တစိုက်မတ်မတ်လုပ်ခဲ့တယ်။ ကျန်းဆွေ့ယင်းသာ အမြန်ပြေးမလာဘူးဆိုရင် စတီယာတိုင်ကို ဘယ်တော့မှ ဝိုက်ချလိုက်မှာမဟုတ်ဘူး။ အဲ့လိုသာဆို အခုချိန် ခွဲစိတ်ခန်းဝင်ရတဲ့လူက သူဖြစ်နေမှာပင်။

ကျန်းဆွေ့ယင်းအပေါ် ကျန်းဆွေ့လင်ရဲ့တွယ်တာမှုက ဘယ်လောက်တောင် နက်ရှိုင်းသလဲ? သူတို့ညီအစ်ကိုတွေက ဘယ်လိုပဲဖြစ်နေပါစေ အမြဲတမ်းညီအစ်ကိုပဲဆိုတာလည်း သူသိတယ်။ ကျန်းဆွေ့ယင်းက ကျန်းဆွေ့လင်ကို မြွေတစ်ကောင်လိုမျိုး ရှောင်နေတယ်ဆိုရင်တောင်မှ ဒီလိုမျိုး သေရေးရှင်ရေးအနေအထားမှာ သေခိုင်းလိုက်မှာမဟုတ်ဘူး။

ကျန်းဆွေ့ယင်းကြောင့် လူကယ်လိုက်ရတယ်ဆိုပေမယ့် ကျန်းဆွေ့လင်ကို ခွဲစိတ်ခန်းထဲက ဘယ်တော့မှ ပြန်ထွက်မလာနိုင်ဖို့ သူမျှော်လင့်တယ်။ သူချစ်ရတဲ့လူကို ညစ်ညမ်းအောင်လုပ်ခဲ့ပြီး သူ့ကိုသတ်ချင်နေတဲ့လူကို သူအသက်ရှင်ခွင့်မပြုနိုင်ဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now