Chapter - 21

14.9K 2.5K 961
                                    

{Zawgyi}

ကျန်းဆွေ့ယင်း ရိုက်နှက်နေတုန်း လီယွိကို ကျိန်ဆဲနေတယ်။ ဒီကလေးက အလေးချိန်ကြီးစီးနေပါတယ်ဆိုမှ သောက်ရမ်းလည်းကြမ်းတမ်းသေးတယ်။ သူ့ရဲ့ခြေတွေလက်တွေကို နည်းနည်းလေးမှ အတိမ်းအစောင်းမဖြစ်စေရဘူး။ လီယွိကို နာအောင်လုပ်မိမှာတွေဘာတွေ ကျန်းဆွေ့ယင်း ဂရုစိုက်မနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီကောင်တောင် သူ့ကိုမယဉ်ကျေးတာ သူလည်း အရှိန်တင်ပြီး လီယွိကို ကောင်းကောင်းလေးဆော်ပလော်တီးပေးရမယ်။

နှစ်ယောက်သား သိုးမွှေးကော်ဇောအထူကြီးပေါ်မှာ လူးကာလှိမ့်ကာဖြစ်နေပြီး လီယွိက သူ့ပေါ်ဖိထားလိုက် ခနနေရင် သူကပြန်ပြီးတက်ခွလိုက်နဲ့ဖြစ်နေတယ်။

လီယွိ ကျန်းဆွေ့ယင်းဗိုက်ကို ကန်လိုက်တော့ ကျန်းဆွေ့ယင်းလန်ကျသွားပြီး သစ်သားထိုင်ခုံနဲ့ဆောင့်မိသွားတယ်။ ဒီလောက်ဆို သူ့အတွက်က လုံလောက်ပြီ။ သူခဏလောက်ကိုယ်ကို ကွေးပြီးနေနေလိုက်တယ်။ ဒါပေမယ့် ခက်ခက်ခဲခဲပြန်ထပြီးနောက် သူ့ခေါင်းရဲ့ လီယွိရဲ့ရင်ခေါင်းကို တိုက်ချလိုက်ပြန်တယ်။

လီယွိ ဒူးက ကိုးရို့ကားယားအနေအထားကြီးနဲ့ ကွေးကျသွားကာ သူ့ရဲ့ပေါင်ကိုသူပြန်ကိုင်ထားရတယ်။ ဒါပေမယ့် အံကိုကြိတ်ပြီး ပြန်မတ်ကာ မောပန်းတကြီး မြေပေါ်မှာဖရိုဖရဲဖြစ်နေတဲ့ ကျန်းဆွေ့ယင်းကိုကြည့်လိုက်တယ်။

နှစ်ယောက်သားလည်း တစ်ကိုယ်လုံးမှာ အထူးသဖြင့်တော့ ဘောင်းဘီတွေမှာ ဖိနပ်ရာတွေနဲ့ ကြည့်ရတာ ရယ်ချင်စရာကြီးဖြစ်နေတယ်။

လီယွိရဲ့လက်သီးက ထိန်းရခက်လွန်းတာကြောင့် ကျန်းဆွေ့ယင်း ဒီတစ်ခေါက် အတော်ကြီးအထိနာတယ်လို့ပြောရမယ်။ တစ်ကိုယ်လုံးနာကျင်နေတာကြောင့် လှုပ်တောင်မလှုပ်ရဲဘူး။ သူ့ဘ၀မှာတိုက်ခိုက်လာခဲ့တဲ့တစ်လျှောက်လုံး ဘယ်တုန်းကမှ ဒီလိုမျိုးအရှက်မကွဲခဲ့ဖူးဘူး။ ဒီတိုက်ပွဲမှာ သူရှုံးသွားသလို ခံစားရတယ်။ လီယွိကိုတောင် ရိသဲ့သဲ့စမလုပ်နိုင်လောက်အောင်ပဲ။

သောက်ရမ်း... သောက်ရမ်းရှက်ဖို့ကောင်းတယ်။ ကျန်းဆွေ့ယင်း စိတ်မသက်မသာဖြစ်ကာ ဒီတိုင်းပဲအကြာကြီးလှဲနေပြီး ပြန်မထချင်တော့ဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now