Chapter - 16

14.9K 2.3K 156
                                    


{Zawgyi}

လီယွိပြန်ထွက်လာတော့ ကျန်းဆွေ့ယင်းကအိပ်ရာပေါ်မှာထိုင်ပြီး လီယွိရဲ့မှတ်စုစာအုပ်ကိုကြည့်နေတယ်။

ထိုင်ခုံပေါ်မှာတင်ထားတဲ့ စောင်ကိုကြည့်ပြီး လီယွိမေးငေါ့ပြလိုက်တယ်။ “ဘာဖြစ်တာလဲ?”

“အိုး ကိုယ်မတော်တဆရေမှောက်ကျသွားတာ တခြားစောင်တွေကလည်း အထူကြီးတွေဖြစ်နေတယ်၊ ဒီတစ်ခုပဲခပ်ပါးပါးရှိတာ… အဲ့တော့ရှိတာနဲ့ပဲခြုံကြတာပေါ့” ကျန်းဆွေ့ယင်း သူ့ဗိုက်ပေါ်မှာတင်ထားတဲ့ တစ်ခုကိုပုတ်ပြလိုက်တယ်။

လီယွိကစောင်အရွယ်အစားကို လှမ်းစစ်ကြည့်လိုက်ပြီး အမူအယာကတမျိုးဖြစ်သွားတယ်။

ကျန်းဆွေ့ယင်း အိပ်ရာပေါ်မှာနေရာနည်းနည်းရွှေ့ပေးပြီး သူ့ကိုလက်ယမ်းခေါ်လိုက်တယ်။ “လာပြီး ဒီသတင်းကို ကြည့်ကြည့်”

လီယွိတွန့်ဆုတ်တွန့်ဆုတ်နဲ့ လျှောက်လာတယ်။

ကျန်းဆွေ့ယင်း သူ့ဘေးနားကနေရာကို ပုတ်ပြပြီး မနှစ်မြို့ဖွယ်ပြုံးလိုက်တယ်။ “လာပါကွာ ကိုယ်မင်းကိုတောင် ကိုက်စားမိတော့မယ်”

ကျန်းဆွေ့ယင်းအပြုအမူတွေပေါ် လီယွိရဲ့အမြင်က ပိုတောင်ဆိုးဝါးလာတယ်၊ ဒါပေမယ့် သူကအမြဲလိုလို ကွဲပြားတဲ့လူတွေရဲ့ မတူညီတဲ့အမြင်တွေကို လက်ခံနိုင်ဖို့ ခဲယဉ်းလေ့ရှိတယ်။

သူကျန်းဆွေ့ယင်းနားထိုင်လိုက်တော့ ကျန်းဆွေ့ယင်းက Laptopကနေ သတင်းတစ်ပုဒ်ပြလာတယ်။ မြို့တော်တစ်ခုရဲ့မြို့ဟောင်းကို ပြန်လည်ပြုပြင်တဲ့ပရောဂျက်မှာ တည်ထောင်သူကို ဆုပေးတာမျိုးဖြစ်တယ်။ ကျန်းသခင်လေးက အားကျစွာပြောလာတယ် “ဒီကလေးက တိုးတက်နိုင်ခြေရှိတယ်… ကံကောင်းလိုက်တာ”

အမျိုးသားနှစ်ယောက်က ရေမိုးချိုးပြီးတော့ စိတ်ကြည်ကြည်လင်လင်ဖြစ်နေကြတယ်။ ကျန်းဆွေ့ယင်းက သူ့ရဲ့အတွေ့အကြုံအရ လီယွိကို ပရောဂျက်ရဲ့ကုန်ကျစရိတ်နဲ့ အမြတ်အစွန်းကို ခွဲခြမ်းစိတ်ဖြာပြလိုက်တယ်။ လီယွိဂရုတစိုက်နားထောင်ပြီး တစ်ခါတစ်ခါ မေးခွန်းမေးပြီး ဝင်ထောက်လေ့ရှိတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now