Chapter - 74

18.1K 2.6K 302
                                    

{Zawgyi}

•အခု ဘယ်သူက လက်တုံ့ပြန်နေတာလဲ?•

"အဖေတို့သိတဲ့အချက်အလက်တွေအားလုံးကနေ ပြဿနာရင်းမြစ်ကို သွားရမယ်၊ ကျန်းဆွေ့ယင်းက ဘယ်လိုဆိုတာကို အဖေတို့က သံသယမဝင်ရတော့ဘူးလား? ဒီမှာ ဘာကမှားနေတာလဲဆိုတာကို သိချင်တယ်၊ မင်းကရော ဘာလို့ပါတနာကို ယာယီပြောင်းလဲလိုက်ရတာလဲ? ဒီကိစ္စက ပြီးခါနီးလေးမှ ဘာလို့လုပ်လိုက်ရတာလဲ? နောက်ပြီး မင်းရဲ့ကောကရော ဘာကြောင့် သစ္စာဖောက်ခံရတာလဲ?"

လီယွိရဲ့နှဖူးပေါ်ကနေ ချွေးသီးချွေးပေါက်တွေ အလုံးအရင်းနဲ့ ကျလာတယ်။ သူဒီကိစ္စက ဘယ်လိုဖြစ်တယ်ဆိုတာကို ဘယ်လောက်ပဲရှင်းပြနေပါစေ သူ့အဖေရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖိထားနိုင်မှာမဟုတ်မှန်း သူသိတယ်။

သူ့ကိုအမြဲတမ်း ယုံစားပြီး ဂုဏ်ယူနေတတ်တဲ့ သူ့အဖေကို ဘယ်လိုရှင်းပြရမှာလဲ?

လီလန် သူ့သားကိုကြည့်ကာ စကားပြောလာဖို့ကို တိတ်တိတ်ဆိတ်ဆိတ်သာ စောင့်နေခဲ့တယ်။

လီယွိဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေပြီး တွန့်ဆုတ်ဆုတ်နဲ့ ပြောလိုက်တယ် "အဖေ ဒီဟာက..."

ထိုအချိန်မှာတင် လီလန်ရဲ့ဖုန်းက ရုတ်တရက်အသံထွက်ပေါ်လာတာကြောင့် သူဖုန်းဖြေလိုက်ရတယ် "Hello လီရွှမ်း" သူက လီယွိကို ကြည့်ကာ ထိုင်နေဖို့ အမူအယာပြပြီး ဖုန်းဖြေဖို့ လသာဆောင်ကို ထွက်သွားတယ်။

လီယွိအမြန်ထရပ်ကာ ခြေလှမ်းနှစ်လှမ်းသုံးလှမ်းနဲ့တင် အိမ်ထဲက ကတိုက်ကရိုက်ထွက်ပြီး မောင်းပြေးလာခဲ့တယ်။

လက်တစ်ဖက်က စတီယာတိုင်ကို ကိုင်ထားရင်း ဖုန်းကိုထုတ်ကာ ကျန်းဆွေ့လင်ဆီ ဖုန်းခေါ်လိုက်တယ်။

"Hello မင်းအခု ဘယ်မှာလဲ?"

ကျန်းဆွေ့လင်အသံက အရမ်းတည်ငြိမ်နေတယ် "ငါ့သူငယ်ချင်းတွေနဲ့ အတူစားသောက်နေတာ၊ ဘာဖြစ်လို့လဲ?"

လီယွိက ဗလုံးဗထွေးနဲ့ "ငါ မင်းကို ပြောစရာရှိတယ် မင်းဘယ်မှာလဲ?"

ကျန်းဆွေ့လင် နှာခေါင်းရှုတ်လိုက်တယ်။ သူထရပ်လိုက်တာော့ာင့် ထိုင်ခုံရွေ့လျားသံကို လီယွိကြားလိုက်ရပြီး တဖက်က ထွက်ပေါ်နေတဲ့အသံတွေ ပြောင်းလဲသွားတယ်။ ကျန်းဆွေ့လင်က တိတ်ဆိတ်တဲ့နေရာကို သွားကာ ပြောလိုက်တယ် "လီယွိ နောက်ဆုံးတစ်ခေါက် ငါတို့ ဆေးရုံမှာတုန်းက နှစ်ယောက်စလုံးအများကြီး ပြောခဲ့ပြီးပြီပဲ၊ ဒါ ငါပဲစိတ်ထင်နေတာ မဟုတ်ပါဘူးနော်?"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now