Chapter - 123 [ END ]

26.6K 3.1K 979
                                    


{Zawgyi}

•အချစ်အတွက် အကြိတ်အနယ်တိုက်ခိုက်•

ကျန်းဆွေ့လင်က ကျန်းဆွေ့ယင်းနဲ့ လီယွိတို့ရဲ့မျက်နှာတွေကို အပြန်ပြန်အလှန်လှန်ကြည့်လိုက်ပြီး နောက်ဆုံးတော့ တည်ငြိမ်စွာ ပြောလာတယ် "အဖေက သောက်ထားတော့ ကျွန်တော် လာကြိုပေးတာ"

ကျန်းဆွေ့ယင်း အသံတိတ် ခေါင်းသာငြိတ်ပြပြီး သူ့အဖေကို ကားထဲကူထည့်ပေးလိုက်တယ်။ ကျန်းဒုံယွမ် ထိုင်လို့ပြီးတဲ့အခါ ကျန်းဆွေ့လင်က ကားမှန်ကို ပြန်တင်ကာ ဖြေးဖြေးချင်း မောင်းထွက်သွားတယ်။

ကျန်းဆွေ့ယင်း သက်ပြင်းချလိုက်ရုံရှိသေး ကားက ရုတ်တရက်ထိုးရပ်သွားတယ်။

ကားကို ခပ်မြန်မြန်လေး စက်သတ်ကာ ကျန်းဆွေ့လင် တံခါးဖွင့်ပြီး သူတို့ဆီ လျှောက်သွားလိုက်တယ်။

လီယွိက လက်သီးဆုပ်ထားပြီး ကျန်းဆွေ့လင်ကို သတိအနေအထားနဲ့ ကြည့်နေမိတယ်။ နောက်ဆုံးတော့ ဒီလူက သူနဲ့ ကျန်းဆွေ့ယင်းအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတယ်။ သူ ကျန်းဆွေ့ယင်းနား တိုးကပ်လာတာကို ကြည့်နေရင်း လီယွိနှလုံးသားက ဂနာမငြိမ်စဖြစ်လာတယ်။

ကျန်းဆွေ့လင် ကျန်းဆွေ့ယင်းအနား လျှောက်သွားတယ်။ ဟိုတယ်ဝင်ပေါက်မှာရှိတဲ့အလင်းရောင်က အရမ်းကြီးလင်းနေတာမျိုးမဟုတ်ပေမယ့် တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူတို့နှစ်ယောက်ရဲ့လက်ပေါ်က လက်စွပ်ကို မြင်လိုက်ရတယ်။ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားကာ နှလုံးသားထဲက တင်းကျပ်လာတယ်။

"ဘာလုပ်စရာ ရှိနေလို့လား?" ကျန်းဆွေ့ယင်း မေးလိုက်တယ်။

ကျန်းဆွေ့လင်က သူ့ကို တမ်းတမ်းတတနဲ့ကြည့်ရင်း "ကော ကျွန်တော် ကောနဲ့ စကားပြောလို့ရမလား?"

လီယွိမျက်နှာက ရှုံ့တွသွားကာ ကျန်းဆွေ့လင်ကိုသာ စိုက်ကြည့်နေမိတယ်။

ကျန်းဆွေ့ယင်းက သူ့ကိုခဏလောက်ကြည့်ပြီး "ဒီတိုင်းပဲပြော"ဟု ပြောကာ အမိုးအောက်ကို သွားလိုက်တယ်။

လီယွိက တွန့်ဆုတ်စွာ နောက်ကလိုက်ဖို့ ခြေကြွလိုက်ပေမယ့် ကျန်းဆွေ့ယင်းက မျက်လုံးတွေနဲ့ တားလိုက်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Onde histórias criam vida. Descubra agora