Chapter - 128 [ Special Chapter ]

20.9K 2.3K 1.7K
                                    


{Zawgyi}

•ဇနီးမောင်နှံဖြစ်စဉ်နှင့် ပက်သက်၍ မေးခွန်း ၁၀၀•

၁။ ကျေးဇူးပြုပြီး နာမည်လေးတွေ သိခွင့်ရှိမလား?

တာ့ကျန်း : ကျန်းဆွေ့ယင်း

လီအာ : လီယွိ

၂။ လိင်အမျိုးအစား?

တာ့ကျန်း : သောက်ရေးမပါတာ

လီအာ : အမျိုးသား

၃။ ထူးခြားတဲ့စရိုက်လက္ခဏာက ဘာများလဲ?

တာ့ကျန်း : လူကြီးလူကောင်းဆန်၊ သတ္တိရှိပြီးယောကျာ်းပီသ၊ မိုင်ပေါင်းတစ်ထောင်အတွင်းမှာ အမြင့်မားဆုံးအရည်အသွေးနဲ့ ရွေးခြယ်သင့်တဲ့ယောကျာ်းတစ်ယောက်။

(အဖိုးကျန်း : မင်းမှာ ဒီလိုအရည်အသွေးတွေရှိမှန်း ငါဘာလို့မသိရတာလဲ)

လီအာ : ကျွန်တော်ထင်တာတော့ အပေါင်းအသင်းလုပ်လို့လွယ်တဲ့လူ။

၎။ အချင်းချင်းရဲ့စရိုက်အပေါ် ဘယ်လိုထင်မြင်မိပါသလဲ?

တာ့ကျန်း : သူက အထက်တန်းစားပုံစံ ဟန်ဆောင်ရတာ သဘောကျတယ်၊ အထူးသဖြင့်တော့ တစ်ကိုယ်ကောင်းဆန်တယ်။ အပေါ်ယံက လူတစ်ယောက်နဲ့ တူလို့ ကြည့်ကောင်းနေပေမယ့် တကယ်က အတွင်းမှာ လူမဟုတ်ဘူး။

လီယွိ : ကျန်းကော... ကိုယ့်အကြောင်း ဘယ်လိုတောင် ပြောလိုက်တာလဲ? အဟွတ် ကျန်းကောရဲ့စရိုက်က တော်တော်လေး စိတ်မရှည်တတ်ဘဲ ဒေါသကြီးတယ်၊ ယုတ္တိရှိရှိ မခွင့်လွှတ်ပေးတတ်ဘူး။ ပြီးတော့ လူတွေကို နောက်တစ်လှမ်းမတက်နိုင်အောင် ပြောတတ်တယ်။ အတိုချုပ်ပြောရရင်တော့ ဆက်ဆံရ တော်တော်လေးခက်တဲ့လူစားမျိုးဗျ။

တာ့ကျန်း : လောင်လီအာ မင်း အရိုက်ခံချင်နေပြီလား?

(ဒါလေးခုမြောက် မေးခွန်းပဲ ရှိပါသေးတယ်နော် *မျက်ရည်ကျ*)

၅။ နှစ်ယောက်က ဘယ်လိုတွေ့ခဲ့တာလဲ? ဘယ်နေရာမှာလဲ?

တာ့ကျန်း : ငါ့အိမ်မှာ လွန်ခဲ့တဲ့နှစ်နှစ်က။

လီအာ : တကယ်ပဲ ကောရဲ့အိမ်မှာပါ ဒါပေမယ့် အဲ့တာက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ဖြစ်မယ်။ ဒါပေမယ့် ကောက မေ့သွားတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now