Chapter - 62

16.8K 2.7K 502
                                    

{Zawgyi}

•မိထွေးရဲ့သားက လူယုတ်မာ၊ ချစ်သူကောင်လေးက လူယုတ်မာအားပေး•

ကျန်းဆွေ့ယင်း အနားကပ်သွားချိန်မှာ ရှောင်လင်ဇီပြောသံကို ကြားလိုက်ရတယ် "မင်း သူ့ကို ရှင်းရှင်းလင်းလင်းပြောထားသင့်တယ်၊ တကယ်လို့ သူက ငါတို့ဘက်မှာရှိတယ်ဆိုရင် ပြဿနာသိပ်တက်မှာမဟုတ်ဘူး"

ထို့နောက် လီယွိအသံထွက်ပေါ်လာတယ် "မင်း နားမလည်ပါဘူးကွာ၊ ငါ သူ့ကိုပြောလိုက်ရင် ဒီတစ်ခေါက်တော့ သေချာပေါက် ငါတို့ကို တားတော့မှာ"

သူတို့တွေ ဘာအကြောင်းပြောဆိုနေကြမှန်း ကျန်းဆွေ့ယင်း နားမလည်ဘူး။

ထို့နောက် မှန်ကနေတဆင့် သူ့ကို ကျန်းဆွေ့လင်တွေ့သွားတယ်။ ကိုယ်ကို မတ်မတ်ရပ်ပြီး အနည်းငယ်အပြစ်မကင်းဟန်ပေါ်နေတယ်။

ကျန်းဆွေ့ယင်း တံခါးကိုတွန်းဖွင့်ကာ တံခါးရွက်ကို မှီပြီး မျက်မှောင်ကြုတ်ရင်းပြောလိုက်တယ် "မင်းတို့နှစ်ယောက် ဘာတွေအငြင်းပွားနေတာလဲ?"

"အလုပ်ပါ" ကျန်းဆွေ့လင်ပြောလာတယ်။

လီယွိ ကျန်းဆွေ့ယင်းကို ကြည့်ပြီး ခေါင်းလှည့်သွားတယ်။

ကျန်းဆွေ့ယင်းရဲ့အလိုလိုသိစိတ်က သူတို့တွေ သူ့ကိုတစ်စုံတစ်ရာဖုံးကွယ်ထားတယ်ဆိုတာ ပြောနေပေမယ့် ဘာကိုမှ ခန့်မှန်းလို့မတတ်ဘူး။

သို့ပေမယ့် ဒီအချိန်မှာ မေးဖို့အစီအစဉ်မရှိဘူး။ တခြားလူတွေက တစ်စုံတစ်ခုကို ဖုံးကွယ်ထားချင်ပါတယ်ဆိုမှ တိုက်ရိုက်ကြီးသွားမေးလို့ရနိုင်ပါ့မလား? မေးခွန်းတွေထုတ်ချင်ရင်တောင် သူတို့ကို တစ်ယောက်ချင်းခွဲထုတ်မှရမယ်။ နှစ်ယောက်လုံးရွေးလိုက်ရင် သေချာပေါက် အရူးလုပ်ခံရမှာ။

သူ ရှောင်လင်ဇီကို စိုက်ကြည့်ပြီးနောက် လီယွိကိုကြည့်ကာ "နေ့လည်စာရောက်နေပြီ၊ သွားစားကြစို့... စားပြီးမှ ဘာပဲဖြစ်ဖြစ် ပြောကြတာပေါ့" [ T/N : အရှေ့ပိုင်းမှာ နေ့လည်စာပြောပြီး ဒီအပိုင်းမှာ dinnerဆိုပြီးတောက်လျှောက်ရေးထားတာကြောင့် နည်းနည်းပြင်ဆင်ပြီး နေ့လည်စာလို့ပဲ ဆက်သုံးထားပါတယ် ]

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Nơi câu chuyện tồn tại. Hãy khám phá bây giờ