Chapter - 8

16.1K 2.7K 181
                                    

{Zawgyi}

ကျန်းဆွေ့ယင်းက ကျောက်ပုစွန်အစပ်စားရတာကို အမြဲတမ်းသဘောကျတယ် ပြီးတော့သူ့အမေကလည်း အထူးသဖြင့်စပ်တဲ့အစားအစာတွေဆို ကြိုက်တယ်။ ငယ်ငယ်လေးတုန်းကဆိုရင် မကြာခဏအပြင်ထွက်စားရင် သူမက သူ့ကိုခေါ်သွားလေ့ရှိတယ်။ သူမရဲ့နူးညံ့တဲ့လက်လေးတွေက ကျောက်ပုစွန်အခွံကိုခွာပြီး သူ့ပန်းကန်ထဲထည့်ပေးလေ့ရှိတယ်။ ဒါပေမယ့် သူ့အဖေကတော့ သူတို့နဲ့ဘယ်တုန်းကမှမလိုက်ဘဲ အဲ့အရာတွေကမသန့်ရှင်းဘူးလို့ ပြောလေ့ရှိတယ်။ မကြာမခဏဆိုတာထက်ပိုပြီး သူ့မိဘတွေက အဲ့လိုမျိုး သာမန်ကာလျှံကာနဲ့ အရေးမပါတဲ့အရာတွေကြောင့် စကားများတတ်တယ်။

သူ့အမေက ဘိုးဘေးဘီဘင်တလျှောက်ကြွယ်ဝပြီး သြဇာညောင်းတဲ့မိသားစုရဲ့ သမီးငယ်လေးဖြစ်တယ်။ စစ်ပွဲတွင်းမှာ သူတို့တွေက ကွန်မြူနစ်ပါတီကို ရွှေတွေတန်ပေါင်းများစွာ လှူဒါန်းခဲ့ပြီး ကျူးကျော်လာတဲ့ဂျပန်တွေကို တွန်းလှန်တဲ့စစ်ပွဲတုန်းကလည်း မိသားစုထဲက ရည်မှန်းချက်ကြီးမားတဲ့လူငယ်လေးတွေက ဝင်ရောက်ပူးပေါင်းခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ သူတို့ရဲ့သတိကြီးမှုကြောင့် ယဉ်ကျေးမှုတော်လှန်ရေးအတွင်းမှာ အများကြီးဒုက္ခမခံလိုက်ရဘူး။

သူ့အဖေရဲ့ အဖိုးဘက်ကတော့ မတူဘူး။ မျိုးဆက်ရှစ်ဆက်လုံး သူတို့မိသားစုက ဆင်းရဲတဲ့လယ်သမားတွေဖြစ်ခဲ့ကြတယ်။ အဲ့လိုဆင်းရဲတယ်ဆိုပေမယ့် သူတို့ရဲ့ဂုဏ်သိက္ခာကို ထိန်းပြီး ကိုယ်ကျင့်တရားကောင်းအောင်သာနေထိုင်ကြတယ်။ သူ(အဖိုး)ငယ်ငယ်တုန်းကဆို သူတို့ဆင်းရဲလွန်းလို့ သင့်တော်တဲ့ဘောင်းဘီတွေဝတ်နိုင်ဖို့နဲ့ သေချာစားနိုင်ဖို့တောင် မစွမ်းဆောင်နိုင်ကြဘူး။ အဲ့တာကြောင့် တော်လှန်ရေးပွဲမှာပါလိုက်ရပြီး ဒီနေ့ဒီလိုနေရာမျိုး ရောက်လာလိမ့်မယ်လို့တောင် မထင်ထားခဲ့ဘူး။

နောက်ပိုင်း သူ့အဖေဘက်ကအဖိုးနဲ့ အမေဘက်ကအဖိုးက သူတို့ရဲ့လေးနက်တဲ့ဆက်ဆံရေးကို မြဲမြံစေဖို့ရာ ကျန်းဆွေ့ယင်းအမေကို ဒီမိသားစုနဲ့လက်ထပ်စေတယ်။

အရာအားလုံးက ဒီလိုမျိုးတွေဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ? ထိုအမျိုးသမီးရဲ့ အတုလား အစစ်လားမသိနိုင်တဲ့ နူးညံ့ပြီး နာခံတတ်မှုနဲ့ယှဉ်လာတဲ့အခါ သူ့အမေက ဘယ်လိုမှအခွင့်မသာတဲ့နေရာထိကျသွားတော့တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now