Chapter - 73

18.2K 2.7K 96
                                    

{Zawgyi}

•ဖခင်ထံမှာ အပြစ်တင်ဆုံးမခံရ•

လီယွိဖုန်းချပြီးတာနဲ့ ရေချိုးကာ အိမ်ကို အမြန်ကားမောင်းသွားလိုက်တယ်။

အိမ်ရောက်တဲ့အခါ ဖခင်နဲ့စကားပြောဆိုပြီးနောက်မှာ ကိစ္စတစ်ခုလုံးကို သိလိုက်ရတယ်။

လီရွှမ်းက သတိမြဲတဲ့လူတစ်ယောက်ဖြစ်ပြီး ခြေလှမ်းတိုင်းကို ဂရုတစိုက်လှမ်းတတ်သူဖြစ်တယ်။ ဒီရက်ပိုင်းမှာ သူတို့က အဂတိမလိုက်စားပါဘူးဆို‌ပြီး ပြောရဲတဲ့အရာရှိအနည်းငယ်ရှိပေမယ့် သူ့ရဲ့ထူးခြားတဲ့နောက်ခံအသိုင်းအဝိုင်း၊ အမြော်မြင်ရှိမှုနဲ့ ငွေကြေးရှားပါးနေတာမျိုးမဟုတ်ဘဲ အဆက်အသွယ်တွေလည်းရှိတာကြောင့် လီရွှမ်းက ဒီဟာကို များများစားစား မတွေးခဲ့ဘူး။ တစ်စုံတစ်ယောက်က သူ့ကိုစစ်ကြည့်ချင်ရင်တောင်မှ ဘာမှရှာတွေ့မှာမဟုတ်ဘူး။

တစ်စုံတစ်ယောက်က သက်သေကို ကိုင်ထားတယ်ဆိုမှသာ ယုတ္တိရှိနိုင်တယ်။

ထိုအချိန်တုန်းက ကျန်းဆွေ့ယင်းက လီရွှမ်းကို ရှယ်ယာပေးဖို့ ပြင်ဆင်ထားပေမယ့် လီရွှမ်းက မလိုချင်ခဲ့ဘူး။ သို့ပေမယ့်ဒါက သူ့(ကျန်းဆွေ့ယင်း)ကို သူ မိတ်ဆက်ပေးထားတဲ့လူအနည်းငယ်က မယူချင်နေဘူးလို့ မဆိုလိုဘူး။ အဲ့တာကို တစ်စုံတစ်ယောက်က ယူတယ်ဆိုရင်လည်း ဒါက သူနဲ့ဘာမှမဆိုင်ဘူး။

အခုတော့ တစ်ချို့သောလူတွေက သူ့ကိုအာရုံစိုက်အောင် လုပ်ချင်နေတယ်ဆိုတော့ သူပြင်ဆင်ထားမှရမယ်။ ဖေဖေလီက ဒီလူဆီမှာ ဘယ်လိုကိစ္စတွေရှိမှန်းမသိသလို ဒါက သူတို့မိသားစုကို ပထမဆုံးအကြိမ်အဖြစ်တစ်စုံတစ်ယောက်က အကွက်ရွှေ့ဖို့လုပ်တာဖြစ်တဲ့အတွက် ခဏလောက်တော့ ပြုသမျှနုခဲ့ရတယ်။

တကယ်တော့ ဘယ်လိုပဲ ပေဟိုင်းကြောင့်ဖြစ်နေပါစေ လီမိသားစုရဲ့အင်အားနဲ့ဆို လီရွှမ်းကို ကာကွယ်ပေးနိုင်သင့်တယ်။ အဓိကသော့ချက်က နောက်နှစ်မှာ လီရွှမ်းရာထူးတိုးနိုင်မယ့် အခွင့်အလမ်းရှိနေတာကြောင့် အကယ်၍ဒီကိစ္စမှာ သက်သေအနည်းငယ်နဲ့ လီယွိကိုဆန့်ကျင်မှု လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်လိုက်မယ်ဆိုရင် လီယွိရဲ့အလုပ်အကိုင်က အနည်းဆုံးနှစ်အတန်ကြာတဲ့အထိ နှောင့်နှေးသွားမှာဖြစ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now