Chapter - 30

21.8K 2.8K 668
                                    

{Zawgyi}

•ဆိုင်မှာ ထွက်စားခြင်း•

နှစ်ယောက်သားဘောင်းဘီတွေပြန်ဝတ်ပြီး အရှုပ်တွေကို ပြန်ရှင်းပြီးချိန်မှာ ကားထဲမှာရှိတဲ့တစ်ယောက်မှ စကားမပြောလာကြဘူး။

ကျန်းဆွေ့ယင်း သားရေထိုင်ခုံပေါ်မှာရှိတဲ့ အဖြူရောင်အရည်တွေကိုကြည့်ပြီး စိတ်တွေရှုပ်ထွေးနေတယ်။

လီယွိသူ့အဝတ်တွေသူ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်လုပ်ပြီး ကသိကအောက်နဲ့ ထိုင်ခုံကို စက္ကူတချို့နဲ့သုတ်နေတော့ ကျန်းဆွေ့ယင်းက မျက်နှာကို တဖက်လှည့်ထားပြီး သူ့လက်ချောင်းတွေနဲ့ လည်စည်းကိုပြန်ပြင်လိုက်တယ်။

ရလဒ်ကတော့ ပုံမှန်အားဖြင့် အတော်ကိုကျွမ်းကျင်လှတဲ့ သူ့ရဲ့လည်စည်းချည်တဲ့စကေးတွေက ဒီနေ့ကျမှ ဘယ်လိုဖြစ်မှန်းမသိတော့ဘူး။ လက်ချောင်းတွေက ဒီတိုင်းထုံထိုင်းလို့နေတယ်။ သူစိတ်က ခိုင်းစေတိုင်းလိုက်မလုပ်နိုင်ဘဲ အချိန်အကြာကြီး ချည်နေရတယ်။ စိတ်တိုလွန်းလို့ လည်စည်းကိုဆွဲဖြုတ်ပြီး လွှင့်ပစ်လိုက်တယ်။

လီယွိသူ့ကိုစိုက်ကြည့်ပြီး ပြောလာတယ်။ "ကျွန်တော်ချည်ပေးမယ်" သူပြောပြီးတာနဲ့ လည်စည်းကိုယူလိုက်တယ်။

ကျန်းဆွေ့ယင်းဆီက အော်သံထွက်လာတယ် "မလိုဘူး၊ ညလယ်ခေါင်ကြီးကျမှ လည်စည်းကြီးဝတ်ပြီး ဘာလုပ်မှာလဲ"

လီယွိက ပြန်သရော်တယ် "စည်းဖို့လိုတာပဲလေ၊ ရှေ့ကြယ်သီးတွေဖွင့်ထားပြီး ဒီတိုင်းသွားလို့မှမရတာ... အအေးမိသွားလိမ့်မယ်"

ကျန်းဆွေ့ယင်း ကားတံခါးကိုအတင်းတွန်းကာ ကားထဲကထွက်ဖို့လုပ်လိုက်တယ် "ပျော်ပျော်ကြီး အအေးမိခံလိုက်မယ်"

အခုချိန်မှာ သူဖိနပ်က တဝက်တပျက်ပဲစီးထားတာဖြစ်ပြီး ကားကလည်း မြင့်နေသေးတယ်။ သူ လဲကျပြီး မြေကြီးပေါ်ကို မျက်နှာနဲ့ရိုက်မိလုနီးပါးဖြစ်သွားတယ်။

လီယွိအနောက်ကနေ လှမ်းဖက်ပြီး လဲမကျသွားအောင် တားလိုက်ရတယ်။ သူတိုးတိုးလေးကပ်ပြောတယ် "ဒေါသထွက်ပုံထွက်နည်းကလည်း ဆန်းပြားလိုက်တာ!"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now