Chapter - 43

16.8K 2.8K 837
                                    

{Zawgyi}

•အမှားလုပ်မိပြီး လက်ပူးလက်ကြပ်မိ!•

ကျန်းဆွေ့ယင်း ဖျားနာပြီး ကိုယ်ပူချိန်ကျကာ ခေါင်းတွေမူးနေတာကြောင့် နှစ်ရက်လောက်အိမ်မှာနေလိုက်ရတယ်။

ဒီနှစ်ရက်အတွင်းမှာ အတွင်းရေးမှုးလျန်က သူ့ကိုဆက်သွယ်ပြီး စားစရာတွေလာပို့ပေးတာကလွဲလို့ တစ်ယောက်မှလာမကြည့်ကြဘူး။

အတွင်းရေးမှုးလျန်ရဲ့ကလေးကလည်း မူလတန်းကျောင်းစတက်နေပြီဖြစ်တဲ့အတွက် သူမက သူ့ကိုတချိန်လုံးမကြည့်ပေးနိုင်တဲ့အတွက် ကျန်းဆွေ့ယင်းကလည်း သူမကို မလာခိုင်းတော့ဘူး။ နှစ်ရက်လောက် ဆေးသောက်လိုက်ပြီးတဲ့နောက်မှာ အဖျားက တဖြည်းဖြည်းပြန်ကျသွားတယ်။

အတော်ကြီးဒေါသထွက်လိုက်ရတာကြောင့် ဖျားသွားတာဖြစ်ပြီး အဖျားက အခုဝင် အခုထွက်သာဖြစ်တယ်။ သို့ပေမယ့် ဖျားနာတာက ကုသလို့ရနိုင်ပေမယ့် ပင်ပန်းတာမျိုးကတော့ ကုသနိုင်ဖို့ခဲယဉ်းတယ်။ အိမ်မှာ ရက်အနည်းငယ်လောက် ပျင်းရိစွာနေလိုက်ပြီး အလုပ်လည်းမသွားဘူး အပြင်လည်းမထွက်ဘူး။

ဒီတိုင်း အရမ်းကိုပင်ပန်းတယ်လို့သာ ခံစားမိနေတယ်။

ပိုက်ဆံဖြုန်းတီးလွန်းလို့ သူဆိုဆုံးမနေရတဲ့ သူ့မျက်စိအောက်တင်ကြီးပြင်းလာခဲ့တဲ့ ဝမ်းကွဲညီက သူ့နောက်ကွယ်ကနေ ပိုက်ဆံတွေဖြတ်ယူသွားတယ်။ ဒီလိုမျိုးခံစားချက်ကြီးက သူ့ရဲ့ဆွေမျိုးသားချင်းတွေက သူ့ကိုသစ္စာဖောက်သွားသလိုမျိုးပဲ။ အခုလိုဖြေမဆည်နိုင်တဲ့ဒေါသတွေက စိတ်ဆင်းရဲစရာကောင်းလှတယ်။

သူ စီးပွားရေးနယ်ပယ်မှာ ကျင်လည်လာခဲ့တာ နှစ်ပေါင်းများစွာကြာပြီ။ မျိုးစုံသောဒေါသတွေနဲ့ ဆုံးရှုံးမှုတွေအများကြီးကို ကြုံဆုံခဲ့ရပြီးဖြစ်ပေမယ့် အခုလိုမျိုး ကိုယ့်ရဲ့အရင်းအချာက ပြန်လုပ်သွားတာမျိုးကို အခုမှပထမဆုံးအကြိမ်ကြုံဖူးတာဖြစ်တယ်။

တစ်ကြိမ်တည်းနဲ့တင် ခံပြင်းစရာကောင်းပြီး ကျောချမ်းသွားရတယ်။

သူ့အဒေါ်ကြောင့်သာမဟုတ်ဘူးဆိုရင် သေချာပေါက် ပိုင်ရှင်းယွီဆိုတဲ့ကောင်လေးကို ကြိုးတုပ်ပြီး ဆွဲခေါ်လာမိမှာ။ ဒါပေမယ့် သူ့အဒေါ်ကို တွေးပေးထားတဲ့အတွက် အကြမ်းပတမ်းတွေမလုပ်နိုင်တာဖြစ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now