Chapter - 32

16.8K 3.3K 278
                                    


{Zawgyi}

•စိတ်ရှုပ်စရာ ညီဝမ်းကွဲ•

ပိုင်ရှင်းယွီက ငိုယိုနေတဲ့မျက်နှာကြီးနဲ့ ကျန်းဆွေ့ယင်းနာမည်ကို တကြော်ကြော်ခေါ်ပြီး ဝင်လာတယ်။

ကျန်းဆွေ့ယင်းက သူ့ကိုသံချောင်းတွေလို မုန်းတီးစွာစိုက်ကြည့်လိုက်တယ် "မင်းငါ့ကိုလာရှာတည်းက ကောင်းတဲ့ကိစ္စတော့မဖြစ်နိုင်ဘူး စကားပြောကြမယ်"

ပိုင်ရှင်းယွီက လီယွိဘက်ကို တွန့်ဆုတ်ဆုတ်နဲ့ပြန်ကြည့်တယ်။

ကျန်းဆွေ့ယင်းလည်း လီယွိကိုစိုက်ကြည့်ပြီး ဒီနှစ်ဆယ်ကျော်ကောင်လေးအတွက် မျက်နှာမပျက်ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်ကာ လီယွိကို ပြောလိုက်တယ် "အဲ့တာဆိုလည်း မင်းအရင်ပြန်နှင့်လိုက်တော့"

လီယွိ မတ်တပ်ထကာ ကျန်းဆွေ့လင်ကိုကြည့်လိုက်​တော့ ကျန်းဆွေ့လင်က သူ့ကို ခေါင်းငြိတ်ပြတယ်။

လီယွိထွက်သွားတော့မှ ပိုင်ရှင်းယွီ အထစ်ထစ်အငေါ့ငေါ့နဲ့ ကျန်းဆွေ့ယင်းမျက်နှာကို အကဲခတ်ကာ တစ်စုံတစ်ခုပြောပြလိုက်တယ်။ ကျန်းဆွေ့ယင်း ခုန်ထလာပြီဆိုတာနဲ့ ပြေးဖို့လည်း အဆင်သင့်ပြင်ထားတယ်။

နားထောင်ရင်း နားထောင်ရင်းနဲ့ ကျန်းဆွေ့ယင်းမျက်နှာက ပိုပိုအကျည်းတန်လာကာ ဒေါသကြောင့် လက်သီးကိုဆုတ်ထားတယ်။

ဖြစ်ပုံက ဒီကလေးတခြားလူတွေနဲ့ လောင်းကစားလုပ်ပြီး ယွမ်သုံးသန်းရှုံးသွားလို့ ဦးလေးက အသေဆော်လိုက်ပြီး ဒီတစ်ခေါက် ကိုယ့်ဝမ်းကိုယ်ကျောင်းခိုင်းလိုက်တယ်။ နောက်ပြီး သူ့အဒေါ်က စိတ်ပျော့ပြီး သူ့ဦးလေးက ဒေါသကြီးတယ်။ သူမလည်း မဖြောင်းဖြနိုင်တော့လို့ ပိုင်ရှင်းယွီ သူ့ဆီရောက်လာတာဖြစ်တယ်။

ပိုင်ရှင်းယွီရဲ့လောင်းကစားပြဿနာက အထက်တန်းကျောင်းတည်းကဖြစ်တယ်။ နှစ်တွေအများကြီး သူတင်နေတဲ့အကြွေးတွေကို ဘယ်လောက်တောင်ဆပ်ပေးခဲ့ရလဲဆိုတာ သူတို့မိသားစုတွေတောင် မသိတော့ဘူး။ ဦးလေးနဲ့ အန်တီလည်း ဒီသားတစ်ယောက်ကြောင့် တကယ်မွဲတော့မယ်။

ကျန်းဆွေ့ယင်းသာ သူ့ကိုမစောင့်ရှောက်ဘူးဆိုရင် ဒီကလေးမှာ ပိုက်ဆံရှာနိုင်စွမ်းကလည်း မရှိနဲ့တော့ အကုန်လုံးပြုတ်ပြုတ်ပြုန်းကုန်လိမ့်မယ်။ သူ့အန်တီရဲ့နှလုံးက ကောင်းတာမဟုတ်ဘူး။ အရမ်းဒေါသထွက်ရရင် နေမကောင်းဖြစ်လိမ့်မယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now