Chapter - 92

24.5K 3.1K 653
                                    

{Zawgyi}

•စစ်တပ်မှရှောင်ပိုင်•

"ကော" ပိုင်ရှင်းယွီက သူ့ရဲ့တိုနှံ့နှံ့ဆံပင်လေးကိုကိုင်ကာ ရယ်လိုက်တယ် "ဒီကေကြီးက ကြောင်တောင်တောင်ကြီးနော်၊ မိုက်မနေဘူး ဒါပေမယ့်လည်း တပ်ထဲမှာ သူတို့ရဲ့ဆံပင်တွေကို ဒီတိုင်းပဲညှပ်ရတာ၊ ကျွန်တော် ဝင်သွားသွားချင်းတုန်းကဆို ကတုံးတောင် အတုံးခံရတော့မလို့"

ကျန်းဆွေ့ယင်း ဖြေးဖြေးချင်းထရပ်ပြီး သူ့ကိုတအံ့တဩကြည့်နေမိတယ်။

သူ့ရှေ့မှာရှိနေတဲ့ ပိုင်ရှင်းယွီက တကယ်ကိုပြန်လည်မွေးဖွားလာတာပဲ။

လူတစ်ကိုယ်လုံးက အရင်ကထက် ပိုမိုတောင့်တင်းနေပြီး သူ့ကိုယ်ဟန်အနေအထားက ဖြောင့်မတ်ကာ အရင်ကအလေလိုက်နေတုန်းကလိုပုံစံမျိုးနဲ့ လားလားမှမဆိုင်တော့ဘူး။ သူ့ရဲ့မျက်ခုံးတွေကြားမှာ သဘာဝသူရဲကောင်းဝိဉာဉ်ရှိနေတယ်။ [ T/N : HoHo ]

ပိုင်ရှင်းယွီက ကြည့်ကောင်းပြီးသားဆိုပေမယ့် ပုံမှန်အားဖြင့် အချိုးမပြေဘူး။ အပျော်အပြက်တွေနဲ့ သောက်စားဖို့မှာသာ အချိန်တွေအများကြီးဖြုန်းတီးခဲ့ပြီး အရည်အချင်းအနည်းငယ်သာရှိပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့တင် နံရံပေါ်တောင်မတက်နိုင်တဲ့ နွံနစ်နေတဲ့သခင်လေးဆိုတာ သိနိုင်တယ်။ အခုတော့ အသားလေးနည်းနည်းမည်းသွားပြီး မျက်နှာအသွင်အပြင်လေးတွေကတော့ မပြောင်းမလဲရှိနေဆဲ။ ရယ်မောလိုက်ချိန်ဆို ပေါ့ပျက်ပျက်ပုံစံရှိနေဆဲဆိုပေမယ့် စိတ်နေသဘောထားကတော့ ပြောင်းလဲသွားပြီဖြစ်တယ်။

ပိုင်ရှင်းယွီကသာ အလွယ်တကူအမြစ်တွယ်နိုင်တဲ့ တွန့်လိမ်ကောက်ကွေးအပင်တစ်ပင်ဖြစ်ခဲ့တယ်ဆိုရင် အခုကတော့ လှပတဲ့ပေါ့ပလာပင်လေးလိုဖြစ်နေပြီ။ သူ့ညီဝမ်းကွဲက တစ်နေ့မှာ ဒီလိုအပင်မျိုး ပြောင်းလဲသွားလိမ့်မယ်လို့ ကျန်းဆွေ့ယင်း စိတ်တောင်မကူးနိုင်ခဲ့ဘူး။

ပိုင်ရှင်းယွီက သူ့အစ်ကိုဝမ်းကွဲရဲ့တိတ်ဆိတ်နေမှုကြောင့် ကိုးရို့ကားယားရယ်နေမိတယ်။ "ကော ကျွန်တော့်ကိုတောင် မမှတ်မိတော့ဘူးပေါ့၊ ကျွန်တော့်အမေလည်း ကျွန်တော့်ကို မမှတ်မိသလောက်ပဲ၊ လေဆိပ်မှာ ကျွန်တော့်ကိုဖက်ပြီး ငိုနေလိုက်တာများ၊ သူက ကျွန်တော့်ကိုလွမ်းနေတယ်လို့ထင်တာ ဘယ်ဟုတ်လိမ့်မလဲ အရမ်းပျော်လို့တဲ့..." ပိုင်ရှင်းယွီက ကျန်းဆွေ့ယင်း စကားမပြောသေးတာကိုမြင်တော့ ထိုင်ခုံကိုဆွဲကာ အထိတ်တလန့်နဲ့ အိပ်ရာရှေ့မှာထိုင်လိုက်ပြီး ဂရုတစိုက်ပြောလာတယ် "ကော ကျွန်တော့်ကို စိတ်တိုနေတုန်းပဲလား? ဒါဆိုလည်း ကျွန်တော့်ကို ရိုက်ပါ၊ ကော ကျေနပ်တဲ့အထိ ကျွန်တော့်ကိုရိုက်ပါ၊ ဒီတစ်ခေါက်တော့ ကောလက်ကို ထိန်းထားစရာမလိုတော့ဘူး အခုဆို ကျွန်တော်က အရိုက်လည်း ခံနိုင်နေပါပြီ..." [ T/N : ကလေးစုတ်လေးရေ အသည်းယားတယ် ]

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now