Chapter - 18

14.8K 2.3K 383
                                    

{Zawgyi}

နောက်တော့ ဒီလိုရိုးရှင်းတဲ့လက်ဆောင်လေးတောင် လက်မခံတဲ့အတွက် သူလည်းစိတ်ပျက်လက်ပျက်နဲ့ အဲ့တာကို ကားထဲပစ်ထည့်လိုက်တယ်။

နေ့ခင်းရောက်တော့ ကျန်းဆွေ့လင် ကုန်းမြေနဲ့ဆိုင်တဲ့ ဓာတ်ပုံတချို့ရယ် ပစ္စည်းပစ္စယတွေနဲ့ ပြန်ရောက်လာတယ်။ အလွယ်တကူပဲပုံဖော်ကာ ခွဲခြမ်းစိတ်ဖြာပြီး ကျန်းဆွေ့လင်ကို တင်ပြတယ်။

သူပြောတာတွေကို နားထောင်ပြီး ကျန်းဆွေ့ယင်းပြောလိုက်တယ် "မင်းဒီတစ်ခေါက် မင်းရဲ့အစ်ကိုယွီကို သေချာကြည့်ပေးရမယ်၊ တတ်နိုင်သမျှလည်း ငါ့ကိုတင်ပြပေး... ငါတို့အန်တီမိသားစုက ပိုက်ဆံရှာရလွယ်တာမဟုတ်တော့ သူ့ကိုပိုက်ဆံတွေ မဆုံးရှုံးစေနဲ့၊ ဒီကောင်က နည်းနည်းကြောင်တောင်တောင်နဲ့ဆိုတော့... မင်းမှတ်ထားရမှာက ဒီပရောဂျက်မှာ တစ်ခုခုအမှားအယွင်းဖြစ်လို့ရှိရင် ငါမင်းကိုအရင်ဆုံးလာရှာမှာ"

ကျန်းဆွေ့လင် ခေါင်းငြိတ်ပြလိုက်တယ် "ကျွန်တော် သေချာကြည့်ပေးပါ့မယ်"

"ကောင်းတယ် သွားတော့"

ကျန်းဆွေ့လင်မတ်တပ်ထရပ်ပြီး "ကော ဒီညအတူတူသွားရအောင်လေ"

"အမ်? ဘာလို့လဲ?"

"ဒီညအိမ်မှာ ညစာပြန်စားမှာမှတ်လား?"

"အော် ဟုတ်သားပဲ... မင်းအရင်ပြန်နှင့်၊ ငါလုပ်စရာလေးရှိသေးတယ်... ညစာစားချိန်မတိုင်ခင် ပြန်လာမယ်"

ကျန်းဆွေ့လင် နည်းနည်းတော့စိတ်ပျက်သွားတယ် "အိုး"

ကျန်းဆွေ့လင် တံခါးနားရောက်တဲ့အခါ ကျန်းဆွေ့ယင်းက လှမ်းတားလိုက်တယ်။

"ရှောင်လင်ဇီ"

"မင်းရဲ့စာမေးပွဲအောင်စာရင်းက ဘယ်တော့ထွက်မှာလဲ?"

"သဘက်ခါ"

ကျန်းဆွေ့ယင်း စားပွဲ့ကိုလက်ချောင်းလေးနဲ့ အသာခေါက်နေတယ် "မင်းအဖေရဲ့ကားကို မောင်းတတ်နေပြီလား?"

"ဟုတ်ကဲ့"

"ပြီးခဲ့တဲ့တစ်ခေါက်က ငါကတိပေးထားတဲ့အတိုင်းပဲ အိမ်ပြန်ဖို့ကားရွေးချင်တယ်ဆိုရင် ကိုယ့်ဘာသာကြိုက်တာရွေးယူလိုက်"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now