Chapter - 127 [ Special Chapter ]

24.8K 2.1K 140
                                    


{Zawgyi}

•အသက်ကို ကယ်တင်နိုင်ဖို့ ဖင်ကို ရောင်းချခြင်း... No sireee!•

ရထားပေါ်က ဆင်းပြီးနောက် ရှစ်နာရီကြာ ကားထပ်စီးလိုက်ရပြီးနောက် သားသတ်ရုံထဲပို့လိုက်တဲ့ အသတ်ခံရတော့မယ့် တိရစ္ဆာန်တစ်ကောင်လို ပိုင်ရှင်းယွီ ခံစားလိုက်ရတယ်။

စခန်းကို ငှက်တောင် ဥ,မဥ၊ ခွေးတောင် ချီးမပါဘဲ ဖုန်းလိုင်းတောင် မရှိတဲ့နေရာမှာ တည်ဆောက်ထားတာဖြစ်တယ်။ အနောက်ဘက်မှာ ပြောင်ရှင်းနေတဲ့ တောင်တန်းတွေ၊ မျက်နှာချင်းဆိုင်မှာတော့ သဲထူတဲ့မြေပြင်၊ ချိစ်ပုံစံမျိုး တိမ်လိုက်နက်လိုက် ချိုင့်ခွက်တွေအပြည့်နဲ့ လျှောက်လမ်း၊ ပိုင်ရှင်းယွီရဲ့ ခြေထောက်တွေရော အစာအိမ်ပါ ကတုန်ကယင်ဖြစ်လာကာ ဒီလိုမြင်ကွင်းမျိုးမြင်ပြီး ငိုတောင် မငိုနိုင်တော့ဘူး။

နည်းပြဆရာက ရှည်လျားလှတဲ့ခရီးစဉ်တစ်လျှောက် သူပြောချင်တာတွေကို အစောကြီးတည်းက ပြောပြပြီးပြီဖြစ်တယ်။ ဒီစစ်သားသစ်လေးတွေ ပင်ပန်းနေကြပြီဆိုတာမြင်တော့ အိပ်ဆောင်တွေ ခွဲပေးကာ သူတို့ကို အနားယူခိုင်းလိုက်တယ်။

အခုချိန်မှာ ပိုင်ရှင်းယွီ သမ်းဝေနေရပေမယ့် အခုသူ့မှာ ပိုအရေးကြီးတာတစ်ခုရှိတယ်၊ ဒါက ယွီဖုန်းချန်ဆိုတဲ့ နာမည်နဲ့လူကို ရှာရမှာပဲဖြစ်တယ်။ သူ့အစ်ကိုဝမ်းကွဲက သူ့ကို မီးတွင်းထဲ တာဝန်ကျေပွန်စွာနဲ့ ပစ်ချလိုက်တယ်ဆိုပေမယ့် စစ်တပ်ထဲမှာရှိတဲ့ သူ့သူငယ်ချင်းရဲ့တူကို ပိုင်ရှင်းယွီကို စောင့်ရှောက်ပေးခိုင်းရန်အတွက် သွားရှာဖို့ကိုတော့ မမေ့ခဲ့ဘူး။ ပြောတာတော့ အဲ့ကောင်လေးကလည်း စစ်သားသစ်ပဲဆိုပေမယ့် သူက ကလေးဘ၀တည်းက ပိုပြီးသည်းခံနိုင်စွမ်းရှိတယ်တဲ့။ ကလေးတုန်းတည်းက တပ်ထဲကလူအများစုရှိကြသလို သောက်ရေးမပါတဲ့ 'ခေါင်းဆောင်တတ်မှု'ဆိုတာမျိုးရှိတာကြောင့် သူ့မိသားစုက သူနဲ့ပက်သက်ရင် အတော်လေးယုံကြည်ချက်ရှိနေကြတာလည်းဖြစ်တယ်။ ဘယ်လို စိတ်နေစိတ်ထားပဲဖြစ်နေပါစေ သူ ရုပ်ရှင်တွေကြည့်ဖူးတယ်၊ ရုပ်ရှင်တွေထဲကလို စစ်သားသစ်လေးတွေကို အနိုင်ကျင့်ရတာ သဘောကျတဲ့ စစ်မှုထမ်းဟောင်းတွေရှိနေရင် ဘယ်လိုလုပ်မလဲ။ အားကြီးတဲ့ကျောထောက်နောက်ခံကို ရှာထားတာက စိတ်အချရဆုံးနည်းလမ်းတစ်ခုပဲ။ သူ အနိုင်ကျင့်မခံရသရွေ့ ကျေနပ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now