Chapter - 19 🚑

31.8K 2.9K 642
                                    

{Zawgyi}

ဒီတစ်ခေါက်လည်း ကျန်းဆွေ့ယင်း ပါတီပွဲကနေ အစောကြီးပြန်လာလိုက်တယ်။ ပါတီက ဒီတိုင်းကြီးပဲလုပ်နေကြတာဆိုတော့ ဆက်နေရင်လည်း ပျင်းစရာကြီးဖြစ်နေတော့မှာ။

လီယွိက ပြန်ထွက်မသွားခင် သူ့ကိုကြည့်သွားတဲ့ပုံစံကို ပြန်တွေးကြည့်ပြီး သူ့စိတ်သူမထိန်းနိုင်ခဲ့တာကို နောက်တရမိတယ်။ သို့ပေမယ့် ယောကျာ်းဆိုတာ လုပ်စရာရှိတာလုပ်ပြီးရင် နောင်တရနေစရာမလိုဘူးလို့ ကိုယ့်ဘာသာပြန်သတိပေးလိုက်တယ်။ သူ့ကိုတောင် နမ်းလိုက်ရသေးတယ် ဘာမှမဖြစ်သွားဘူး။

လီယွိရဲ့နတ်ဆိုးဆန်ဆန်အကြည့်တွေနဲ့ မတူညီစွာ သူရမ်းကားခဲ့လိုက်ရတဲ့ နူးညံ့တဲ့နှုတ်ခမ်းလေးတွေရဲ့ အရသာကိုပြန်အောက်မေ့သွားရတယ်။ ဒီလိုမတူညီမှုက ကျန်းဆွေ့ယင်းအတွက် လီယွိကိုပိုပြီးတော့တောင် စွဲမက်စေတယ်။

အခုချိန်မှာ သူနမ်းလိုက်လို့ ပြန်ရတာ ကန်ချက်တစ်ခုသာဖြစ်တယ်။ တကယ်ပါပဲ သောက်ရမ်းနာချက်က ရင်တောင်နာတယ်။ နံရိုးနားဖြစ်နေလို့သာပေါ့ လီယွိကလည်း အားကုန်မသုံးလိုက်လို့ဖြစ်မယ်.. မဟုတ်ရင် အစာအိမ်ထဲသွေးယိုတာတောင် ဖြစ်မလားပဲ။

သူ့လိုလူမျိုးကို အတင်းအကြပ်သွားလုပ်တာက တကယ်လက်တွေ့မှာ မလွယ်လှဘူး။ အခက်မသင့်ရင် ထိခိုက်တာတွေတောင်ဖြစ်နိုင်သေးတယ်။ လီယွိရဲ့ကန်ချက်က ကျန်းဆွေ့ယင်းထက်တောင် ပြင်းသေးတယ်။ သူ့ရဲ့မဟာဗျူဟာကို ပြောင်းဖို့လိုနေပြီ။ မဟုတ်လို့ကတော့ သေရင်သေ မသေရင် အရှုံးပေးရလိမ့်မယ်။

ကျန်းဆွေ့ယင်း သက်ပြင်းချလိုက်တယ်။ သူ့ဗိုက်ထဲမှာ နာကျင်နေရုံတင်မကဘူး မကောင်းတဲ့အကြံတွေပါ ပြည့်နှက်နေတယ်။ မနာလိုတာ၊ ဒေါသထွက်တာ၊ မလိုလားတာနဲ့ အများဆုံးကတော့ လိင်စိတ်ဆန္ဒတွေပေါ့။

သူ့ဘ၀ရဲ့လက်ဆွဲဆောင်ပုဒ်က 'ငါပျော်တယ်'ဆိုတာပဲ။ တစ်ခုခုပြောဖို့ သတိကပ်ပြီးလုပ်နေရတာမျိုးတွေ သဘောမကျဘူး၊ သူမုန်းတီးတာတွေမရှိသလို ပုန်းလျှိုးကွယ်ရှိုးလုပ်ရတာတွေလည်း စိတ်မဝင်စားဘူး။ ဒါက သဘာဝအတိုင်းဖြစ်နေတာပဲဟာကို။ သူ့ကို မုဒိန်းကျင့်မှာလည်းမဟုတ်တာကြီးကို လီယွိက သူ့ကိုဆိုရင် တချိန်လုံးအတိုက်အခံလုပ်နေတော့တာပဲ။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Tahanan ng mga kuwento. Tumuklas ngayon