Chapter - 41

15.4K 2.5K 186
                                    

{Zawgyi}

•လျှို့ဝှက်ကိစ္စ•

ကျန်းဆွေ့ယင်း ခဏလောင်မှင်သက်သွားပြီး လီယွိရဲ့ 'ဘာကြောင့်မသေသွားရတာလဲ'ဆိုတဲ့ စကားလုံးတွေက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေပြီး သူ့ခန္ဓာကိုယ်ထဲက တစ်နေရာရာလောင်ကျွမ်းနေသလိုမျိုး ပူလောင်ပြီး နာကျင်နေတာကို ခံစားမိနေတယ်။ သူဝုန်းခနဲ ထလိုက်ကာ "မင်းရဲ့ပြိုင်ပွဲရှိတာ ငါ့ချီးပဲ! အဲ့တာနဲ့တောင် မတန်ဘူး၊ မင်းလည်း မင်းဘောင်းဘီကို စောစောစီးစီးတည်းက ချွတ်ပေးခဲ့မယ်ဆိုရင် ငါဒီလိုမျိုး ပြဿနာလုပ်မိမှာမဟုတ်ဘူး"

ကျန်းဆွေ့ယင်းက ဘယ်လိုလူမျိုးလဲဆိုတာကို သိရက်သားနဲ့ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာ၊ ချွေးတွေနဲ့ စံထားရတာတွေကို သွားပြောမိလိုက်တဲ့အတွက် လီယွိအရမ်းဒေါသထွက်မိတယ်။ လက်ဝှေ့ထိုးပြီး အသက်မွေးဝမ်းကြောင်းပြုဖို့တော့ ဘယ်တုန်းကမှစီစဉ်ထားတာမဟုတ်ပေမယ့်လည်း သဲအိတ်ရှေ့မှာ ဆယ်စုနှစ်တစ်ခုကျော်လောက် ဖြုန်းခဲ့ရတဲ့သူချွေးတွေ ဘယ်လောက်တောင်များလဲ၊ တင်းကျပ်တဲ့လေ့ကျင့်မှုတွေနဲ့ ဒီလိုအကြိုလူရွေးပွဲအတွက် ပြင်ဆင်နိုင်ဖို့ ဘယ်လောက်တောင် အင်အားစိုက်ထုတ်ခဲ့ရလဲဆိုတာကို နားလည်ဖို့ကောင်းတယ်။

သူခက်ခက်ခဲခဲကြိုးစားခဲ့တာတွေက ပိုက်ဆံနဲ့တောင် တိုင်းတာလို့မရဘူး။

ပြီးတော့ ကျန်းဆွေ့ယင်းက သူအချိန်အကြာကြီးအင်အားစိုက်ထုတ်ခဲ့ရတာကို ဖျက်ဆီးပစ်ရုံတင်မကဘူး အဲ့အတွက်လည်း တောင်းပန်မှုမပြုဘူး။ တောင်းပန်မှုမပြုတဲ့အပြင် မောက်မောက်မာမာနဲ့ အရေးမပါတဲ့အရာတစ်ခုလိုမျိုး သဘောထားနေလိုက်သေးတယ်။

ဟိုးအရင်တည်းက ကျန်းဆွေ့ယင်းရဲ့စရိုက်ကို သိထားသင့်တာ။ ပြီးတော့ ဒီလောက် ရိုင်းစိုင်း၊ ဂလန်ဂဆန်နဲ့ သည်းခံချင်စရာမကောင်းတဲ့ မျိုးမစစ်နဲ့ အချိန်အကြာကြီးဘယ်လိုနေနိုင်ခဲ့တာလဲဆိုတာကို သူတကယ်မတွေးနိုင်တော့ဘူး။

သူ နာကျင်နေတာတွေဘာတွေ မရှိတဲ့အတွက် ကျန်းဆွေ့ယင်း သူ့ကို ဘာမှမလုပ်ဘူးဆိုတာ သူသိတယ်။ သို့ပေမယ့် ဒီလိုဆွဲခေါ်ခံရပြီး အဓိကပွဲကို တုန့်ဆိုင်းသွားစေတဲ့အတွက် ကျန်းဆွေ့ယင်းကို မြေပေါ်လှဲပြီး တကယ်ထိုးပစ်ချင်နေတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now