Chapter - 27

15.6K 2.5K 292
                                    

{Zawgyi}

•ခြိမ်းခြောက်မှုများနှင့် အကျဉ်းချခြင်း•

ကျန်းဆွေ့ယင်းအတွက် အခုလက်ရှိမျက်နှာက ဒဏ်ရာတွေနဲ့ ပေကျင်းကိုတန်းပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒီလိုမျက်နှာကြီးနဲ့ တံခါးကနေတောင် မထွက်ချင်ဘူး။

လီယွိ သူ့အတွက် sea view hotelတစ်လုံးမှာစီစဉ်ပေးလိုက်တယ်။ ကျန်းဆွေ့ယင်းက သူ့ကိုပါဖုန်းပြောရင်းနဲ့ ပေကျင်းပြန်ခေါ်သွားမယ်လို့ပြောခဲ့တာကြောင့် သူ့မိသားစုတွေ့သွားအောင်နေလို့မဖြစ်ဘဲ သူလည်းဟိုတယ်မှာပဲနေလိုက်ရတယ်။

နိုဝင်ဘာပိတ်ရက်တွေက ရက်ပိုင်းလောက်ကျန်နေသေးတယ်။ မပြန်ခင် သူ့မျက်နှာက ဒဏ်ရာတွေပျောက်ကင်းသွားအောင်လုပ်ဖို့ ကျန်းဆွေ့ယင်းစီစဉ်ထားတယ်။

ကျန်းဆွေ့ယင်း ဟိုတယ်ကိုရောက်တော့ လီယွိကို ဆရာဝန်တစ်ယောက်ရှာခိုင်းပြီး သူကတော့ ဖုန်းဆော့နေတယ်။

ပုံမှန်ဆို ရှောင်လင်ဇီဆီကို သူစာတစ်စောင်ပို့လိုက်ပြီဆိုရင် အရမ်းကိုမြန်မြန်ဆန်ဆန်စာပြန်တယ်။ ဘယ်တုန်းကမှ အကြာကြီးစောင့်ရတယ်ဆိုတာမရှိဘူး။ မနေ့တုန်းကမြင်ကွင်းကြောင့် နည်းနည်းစိတ်တိုသွားတာလား?

မဟုတ်သေးပါဘူး သူ့မိသားစုထဲမှာ သူယောကျာ်းချင်းကြိုက်နေတယ်ဆိုတာကို မသိတာဘယ်သူရှိသေးလို့လဲ? သူမှတ်မိသလောက်ဆိုရင် ရှောင်လင်ဇီငယ်ငယ်လေးတုန်းက သူတခြားကျောင်းသားတစ်ယောက်ကို အဲ့တာလုပ်ဖို့ အိမ်ခေါ်လာတုန်းက မတော်တဆမြင်သွားခဲ့လို့ ကျန်းဆွေ့လင်ကိုတောင် သူရိုက်နှက်လိုက်သေးတာပဲ။ သူပုံမှန်မဟုတ်တာက ဘာများစိတ်လှုပ်ရှားစရာရှိလို့လဲ...

လီယွိက သူ့သူငယ်ချင်းဖြစ်နေလို့ နည်းနည်းလက်မခံနိုင်ဖြစ်သွားတာများလား?

ကျန်းဆွေ့ယင်းအကြာကြီးတွေးတောနေပြီး နည်းနည်းတော့အပြစ်မကင်းသလိုဖြစ်နေတယ်။ သူ့ရဲ့ဒီညီဖြစ်သူကို ဂရုမစိုက်ဘူးဆိုပေမယ့် ဒီတစ်သက်တော့သူပြန်ဖြောင့်နိုင်ချေမရှိဘူးဆိုတာ သူသိတယ်။ ကျန်းမိသားစုကလည်း ဒီညီငယ်ကိုပဲ မျိုးဆက်ကိုလက်ဆင့်ကမ်းဖို့ ပုံအပ်ရတော့မယ်။ သူရိုက်ခဲ့တယ်ဆိုတာက သူ(ကျန်းဆွေ့လင်)က ငယ်သေးတာကြောင့် သူ့ရဲ့မကောင်းတဲ့အကျင့်စရိုက်တွေ လွှမ်းမိုးမိမှာစိုးရိမ်တာကြောင့်ဖြစ်တယ်။ သူ့ရဲ့ဘိုးဘေးတွေကိုတောင် အားနာနေရတာကို သူ့ရဲ့ညီငယ်ကိုသာ ထပ်ပြီးဂေးဇာတ်သွင်းမိရင် ဘိုးဘေးတွေက သူ့ကိုသေလောက်အောင် မိုးကြိုးနဲ့ပစ်ချလိုက်မှာကြောက်တယ်။ ဒါကြောင့်မို့လို့ အဲ့တုန်းတည်းက ကျန်းဆွေ့ယင်း သူ့အိမ်ကိုတစ်ယောက်မှ ထပ်မခေါ်တော့ဘဲ ကျန်းဆွေ့လင်ကိုလည်း သူ့ရဲ့ဂေးအရှုပ်ထုပ်ကြီးနားကို ဘယ်တော့မှမကပ်ခိုင်းခဲ့ဘူး။ ကျန်းဆွေ့လင်ကို သူ့ဆီကသင်ယူစရာရှိတာပဲ သင်ယူစေချင်ခဲ့တယ်။ ဒီလိုဟာမျိုးတွေတော့မဟုတ်ဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now