Chapter - 119 🚑

32.8K 2.9K 754
                                    


[ Kay : အပေါ်မှာ ကားလေးပါတော့ တခြားမပြောတော့ပါဘူးနော်။ ဒီအပိုင်းက နည်းနည်းခက်နေသလိုပဲ။ ပြီးတော့လေ အမဖတ်တုန်းကတော့ နှာခေါင်းသွေးတောင် လျှံတော့မယ်ဆိုတဲ့ ခံစားချက်ရတယ်။ ဒါပေမယ့် ကိုယ်တိုင်ပြန်လည်းရေးရော ရီစရာကောင်းနေသလိုလို။ သည်းခံပြီးသာ ဖတ်တော်မူကြပါ ]

{Zawgyi}

•ပြန်ရခဲ့တာတွေအပေါ် ယုံကြည်တယ်•

ကျန်းဆွေ့ယင်း ရက်တွေကို ရေတွက်ကြည့်လိုက်တယ်။ ဟိုးအရင်တည်းက သူက သူ့စရိုက်ကို သူ့ဖာသာပျိုးထောင်ထားတာဖြစ်တယ်။ သူက ရည်ရွယ်ချက်ရှိရှိ ချုပ်တီးထားတာတော့မဟုတ်ဘူး။ ဒါပေမယ့် လူတစ်ယောက်က အဲ့တာကိုတောင် မတွေးနိုင်လောက်အောင် အလုပ်များနေတယ်ဆိုရင်၊ သူက ဒီတိုင်း... သူ့မှာ တွေးဖို့ အချိန်တကယ်မရှိခဲ့တာ...

လီယွိ သူ့ကိုဖိပြီး တအားနမ်းလာချိန်မှာ သူ့ကိုတချိန်လုံး အဆွနိုင်ဆုံးက ဒီလူမှန်း ကျန်းဆွေ့ယင်း သတိပြုမိလိုက်တယ်။

ခဏတာ လန့်သွားအပြီးမှာ ကျန်းဆွေ့ယင်း သူ့လည်ပင်းကို ဖြေလျော့ပြီး လီယွိရဲ့စိုစိစိအနမ်းကို မွေ့လျော်လိုက်တော့တယ်။ လီယွိရဲ့လက်ချောင်းတွေက ရက်ပေါင်းများစွာ မညှပ်ဖြစ်ခဲ့တဲ့ သူ့ဆံပင်ပျော့ပျော့တွေကြား လိမ်ယှက်နေပြီး ရင်းနှီးနေတဲ့အရသာကြောင့် အကြိုက်တွေ့နေတယ်။

သူတို့ မောဟိုက်စွာ လူချင်းခွာလိုက်ပြီး လီယွိက နက်ရှိုင်းတဲ့တမ်းတမှုတွေနဲ့ ကျန်းဆွေ့ယင်းမျက်လုံးတွေကို တောက်ပစွာ ကြည့်နေတယ်။

ရုတ်တရက်ကြီး ကျန်းဆွေ့ယင်း သူ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ကံဆိုးချင်တော့ သူ့ကို အရမ်းကြီးသနားမနေဘူး "လီယွိ မင်း ငါနဲ့ အိပ်လို့တော့ရတယ်၊ ဒါပေမယ့် ဒီတစ်ခေါက် မင်းငါ့ကို လုပ်ဖို့ မမျှော်လင့်နေနဲ့... မင်းအလုပ်ကို ခံမှာမဟုတ်ဘူး"

လီယွိ ခပ်အုပ်အုပ်အသံနဲ့ ပြောလိုက်တယ် "ကျွန်တော်လုပ်မယ်လေ မရဘူးလား? ကောဘာပဲပြောပြော ကျွန်တော် လုပ်မယ်လေ"

ကျန်းဆွေ့ယင်း ပြုံးပြုံးကြီးလုပ်ကာ "မင်းကို လုပ်ခိုင်းမယ်ဆိုပြီး မင်းငါ့ကို မပြောခဲ့ဘူးလား? ဒီနေ့ လေ့ကျင့်ကြည့်ရမလား?"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Onde histórias criam vida. Descubra agora