Chapter - 71

19.8K 3K 637
                                    


{Zawgyi}

•အချစ်နှင့်အမုန်းထဲမှာ နစ်မြောရင်း...•

သူ့ကိုစောင့်ဆိုင်းနေခဲ့တဲ့ကောင်လေးက သူ့ကိုအဖော်ပြုပေးတယ်။ ဒါက အလွှာအထပ်ထပ်နဲ့ မီတာသုံးရာပတ်လည် အေးစက်စက်တိုက်ခန်းကြီးထဲမှာ သူတစ်ယောက်တည်းနေရတာထက် ပိုကောင်းတာကြောင့် ကျန်းဆွေ့ယင်းလည်း ရှောင်ကျူ့အိမ်မှာ နောက်တစ်ညလောက် ထပ်နေလိုက်တယ်။

ရှောင်ကျူရဲ့စရိုက်ကလည်း အရင်ကထက်စာရင် အများကြီးပိုတက်တက်ကြွကြွရှိလာတယ်လို့ ခံစားရတယ်။ အရင်တုန်းကတော့ သူ့ကိုအနည်းငယ်ကြောက်လန့်နေတတ်တယ်။ အမြဲတမ်း ခေါင်းလေးငိုက်စိုက်ချကာ သူ့ဘက်ကစပြီး စကားပြောဖို့တောင် ခဲယဉ်းလှတယ်။ အခုဆို သူနဲ့TVကြည့်နေချိန်မှာ သူ့ရဲ့အမြင်တချို့ကိုတောင် ပြောလာတတ်တယ်။ ဒီလိုရှောင်ကျူက လှပတဲ့အခွံလေးသက်သက်ဖြစ်နေတာထက်စာရင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ ငွေကြေးနဲ့ ရုပ်ပိုင်းဆိုင်ရာ အလဲအလှယ်ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီးနောက်မှာ သူတို့က အသိအကျွမ်းတွေလိုမျိုး သဘာဝကျကျနေနိုင်ကြပြီဖြစ်တယ်။

သူတို့ ညဘက်အိပ်ချိန်ဆို အိပ်ရာတစ်ခုတည်းမှာ အိပ်ကြပေမယ့် သီးခြားစောင်တွေခြုံထားကြတယ်။ ကျန်းဆွေ့ယင်းမှာ အတွေးတွေအပြည့်နဲ့ဖြစ်နေတာကြောင့် အိပ်ရာပေါ်ကကိစ္စတွေကို တွေးမနေနိုင်ဘူး။

အာရုံတက်ချိန်ရောက်တဲ့အခါ ကျန်းဆွေ့ယင်း ရှောင်ကျူရဲ့ဖုန်းနံပါတ်တောင်းပြီး ထွက်လာခဲ့လိုက်တယ်။

သူ ကုမ္ပဏီမှာမရှိတာ ရက်တော်တော်ကြာနေပြီ။ ပြီးတော့ ထိုမျက်နှာဖြူလေးက သူ့ကိုလှည့်စားတာကြောင့် စိတ်ဓာတ်အရမ်းကျနေလို့မဖြစ်ဘူး။ ဘယ်လောက်ပဲ ဆိုးဝါးတဲ့အရာဖြစ်နေပါစေ ဘ၀ကိုတော့ ဆက်ရှင်သန်ရမယ်။ လုပ်စရာတချို့တွေ့သွားပြီဆိုရင် လီယွိအကြောင်းပဲ အမြဲတွေးနေမိတော့မှာမဟုတ်ဘူး။

လွန်ခဲ့တဲ့နှစ်တွေတည်းက သူ့ရဲ့အလုပ်သမားတွေက သူအလုပ်ကို မကြာမကြာပျက်ကွက်လေ့ရှိတာနဲ့ပက်သက်ပြီး ကျင့်သားရနေပြီဖြစ်ကာ ကုမ္ပဏီရဲ့လုပ်ဆောင်မှုက ဆက်လက်ကောင်းမွန်နေဆဲဖြစ်တာကြောင့် သူ့ကိုစိတ်ပျော်စေတယ်။ ယုန်လေးနှစ်ကောင်က သူ့ဆီက ဆံပင်တစ်ချောင်းလောက် ဆွဲနှုတ်သွားရုံနဲ့ နာမသွားဘူး။ သူ့ကိုယ်သူ ဘာကြောင့် သနားစရာကောင်းအောင် ထပ်တလဲလဲလုပ်နေရမှာလဲ? လီယွိမရှိလည်း သူက ကျန်းဆွေ့ယင်းဖြစ်နေဆဲပဲ။ စိတ်ကြီးဝင်ပြီး မောက်မာတဲ့ နွေဦးလေညှင်းကျန်းပဲ။ ကမ္ဘာပေါ်မှာ လီယွိထက် ပိုလှပြီး ချစ်ခင်တတ်တဲ့ကောင်လေးတွေအများကြီးရှိတယ်။ လီယွိဆိုတဲ့ သစ်ပင်ကြီးပေါ်မှာပဲ ဘယ်လိုကြောင့် တွယ်ကပ်နေရမှာလဲ?

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora