Chapters - 25

21.8K 2.7K 640
                                    

[Kay : စစချင်းမှာတည်းက noteထည့်ရတာအားနာပါတယ်။ ဒါပေမယ့် ပြောစရာလေးရှိလို့ပါ။ အရင်တုန်းက Idiotကို အစပိုင်းဘာသာပြန်တုန်းမှာ chapter ခေါင်းစဉ်လေးတွေ မပါပါဘူး။ ဒါပေမယ့် The eunchမှာ စကြည့်တည်းက ခေါင်းစဉ်လေးတွေတွေ့တယ်။ အဲ့တုန်းက ရှေ့မှာပြန်တပ်ရမှာကိုပျင်းလို့ ဒီတိုင်းနောက်မှ ထပ်ဖြည့်တော့မယ်ဆိုပြီးလုပ်ထားတာ အခုကျတော့ ထည့်ချင်လာပြီ။ အဲ့တာကြောင့် ဒီအပိုင်းကစပြီးထည့်ပါမယ်လို့ အရင်အပိုင်းတွေကို အားတာနဲ့ လိုက်ထည့်ထားပါ့မယ်။ အဆင်ပြေတယ်မှတ်လားဟင်။ ပြီးတော့ commentတွေကိုလည်းလေ ဘယ်လို replyပြန်ရမှန်းမသိတော့လို့ မေးခွန်းမေးထားတာတို့ ဘာတို့ဆိုရင်ပဲ ပြန်ဖြေပါမယ်နော်။ ရတယ်မှတ်လားဟင်(မရလည်း ဘာမှတော့လုပ်လို့မရဘူးပေါ့နော်😂) အရင်ပိုင်းတွေမှာ ဖြည့်ပြီးရင် noteတွေကိုဖျက်ပါ့မယ်။ အစအဆုံးရေးပြီးခဲ့ရင်လည်း အပိုင်းတိုင်းမှာရှိနေတဲ့ အရေးမကြီးတဲ့noteတွေကို လိုက်ဖျက်ပေးပါ့မယ်။ ဖတ်ရတာ feelအောက်တယ်လေ။ အဲ့တာပါပဲ ကျေးဇူးတင်ပါတယ်ရှင့်]

{Zawgyi}

•မင်းကိုလုပ်ခွင့်ပေး အဲ့တာဆို ငါတို့ကျေပြီ•

နောက်တစ်နေ့ ကျန်းဆွေ့ယင်း နိုးလာချိန်မှာ လီယွိကို မတွေ့ရဘူး။

သူနိုးလာပြီး လွန်ခဲ့တဲ့နာရီပိုင်းတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးလိုက်တယ်။ သူ့ခန္ဓာကိုယ်က မိုးကြိုးအပစ်ခံထားရလို့ ကြွပ်နေသလိုတောင် ဖြစ်နေပြီ။ တစ်စုံတစ်ယောက်က သူဆိုတဲ့ ကျန်းဆွေ့ယင်းကို ဦးဆောင်သွားတာ သူဖြင့်ယုံတောင် မယုံနိုင်ဘူး။

သူ့ခမျာ အခုချိန်ထိ ကြမ်းပြင်ပေါ်မှာ အတောင့်လိုက်ဖြစ်နေပြီး သူ့ကိုခြုံစရာ သောက်စောင်လေးတစ်ထည်တောင်မပေးဘဲ တစ်ညလုံးအခြောက်တိုက်ထားထားတယ်။

အခုချိန် လီယွိသာသူ့ရှေ့မှာရပ်နေပြီး ဘယ်သူပဲဖြစ်ဖြစ် ဓားလေးတစ်ချောင်းပေးလာခဲ့မယ်ဆိုရင် စိတ်ရှိတိုင်းအချက်ပေါင်းများစွာ ဓားနဲ့ထိုးပြီး လူသတ်မှုကျူးလွန်လိုက်မယ်။

ကျန်းဆွေ့ယင်း ငုတ်တုပ်ထိုင်လိုက်ချိန်မှာ လည်ချောင်းထဲက ဟိန်းဟောက်သလိုအသံကြီးထွက်လာတယ်။ ဒီလိုလှုပ်ရှားမှုလေးကတောင် သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ကြွက်သားတွေအားလုံးကို သက်ရောက်မှုဖြစ်စေပြီး နာကျင်လွန်းလို့ တစ်ကိုယ်လုံးပျော့ခွေမတတ်ဖြစ်သွားတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}जहाँ कहानियाँ रहती हैं। अभी खोजें