Chapter - 1

94.3K 5.1K 778
                                    

{Zawgyi}

ကျန်းဆွေ့ယင်းပထမဆုံးအကြိမ် လီယှိကိုတွေ့ဖူးတာက သူတို့မိသားစုအိမ်က ဧည့်ခန်းထဲမှာဖြစ်တယ်။

နှုတ်ခမ်းမှာ စီးကရက်တစ်လိပ်ခဲပြီး ရှေ့တံခါးပေါက်ကဝင်လာတဲ့အချိန်မှာ ဆိုဖာပေါ်မှာ ကျန်းဆွေ့လင်က ကောင်လေးတစ်ယောက်နဲ့ထိုင်နေကာ စကားစမြည်ပြောရင်း တောက်ပစွာရယ်မောနေတာကို မြင်လိုက်ရတယ်။ ထိုကောင်လေးက သူ့ကိုကျောပေးထားလို့ ချွေးတွေနဲ့စိုကပ်နေတဲ့ Feyenoordတံဆိပ် ဘောလုံးသမားအကျီအပေါ်ဝတ်ကြောင့် ကျောပြင်ကျယ်ပေါ်က ကောက်ကြောင်းရေးရေးနဲ့ ကျန်းမာတဲ့နောက်ကျောကိုပဲတွေ့ရတယ်။ သူတို့အပေါ်ဝတ်အကျီတွေနဲ့ ဘောင်းဘီအစွန်းနားတွေမှာ ရွံ့တွေနဲ့ ပေကျံနေတာတောင် သူတို့တွေက သနပ်ခါးရောင်လည်သာဆိုဖာပေါ်မှာ ယဉ်ကျေးမှုမရှိထိုင်နေကြတယ်။ သူတို့ရှေ့က စားပွဲပေါ်မှာ မှောက်ထားတဲ့ကိုလာဘူးအလွတ်နှစ်ခုနဲ့ ကိတ်မုန့်နှစ်ခုရှိနေတယ်။ သူ့ခြေထောက်ဘေးနားမှာ ညစ်ပတ်ပြီးရွံ့တွေလူးပေနေတဲ့ ဘောလုံးတစ်လုံးလည်းရှိနေတယ်။

တံခါးဖွင့်သံကြားတော့ ကောင်လေးနှစ်ယောက်စကားပြောနေတာရပ်သွားပြီး တစ်ယောက်ကမော့ကြည့်ကာ နောက်တစ်ယောက်ကတော့ ခေါင်းကိုလှည့်ရင်း အကြည့်တွေဝေ့ဝဲကျလာတယ်။

ထိုအချိန်မှာ ကျန်းဆွေ့ယင်းနဲ့ထိုကောင်လေး အကြည့်ချင်းဆုံသွားတယ်။ ရုတ်တရက်ဆိုသလို ကျန်းဆွေ့ယင်းမလှုပ်နိုင်တော့ဘူး။ သူဒီတိုင်းလေး တောင့်ခဲသွားသလိုပဲ။ ပိုပြီးနားထောင်ကောင်းအောင်ပြောရမယ်ဆိုရင် ဒါက 'မြင်မြင်ချင်း ချစ်မိသွားတာ'ပဲ။ ဒါပေမယ့်အပွင့်လင်းဆုံးပြောရရင် သူကိုမြင်မြင်ချင်း 'သူမာသွားတယ်'

ဒီဟာကဘယ်အချိန်မဆို အဲ့အခိုက်အတန့်ကိုတွေးမိတိုင်း ဒါတွေအားလုံးက သူပြန်ပေးဆပ်ရမယ့် အကုသိုလ်ကြွေးတွေချည်းပဲ ဖြစ်ပုံရတယ်။

တိုတိုပြောရရင် အဲ့အချိန်တုန်းက သူ့နှလုံးခုန်တွေမြန်လာတာကို ခံစားမိပြီး အသက်ရှုရတာတောင် ခက်ခဲကာ နှဖူးကသွေးကြောတွေတောင် အပြင်းအထန်ကိုတဒုတ်ဒုတ်မြည်လာခဲ့တယ်။ ဒီကောင်လေး သူ့ကိုဘယ်လိုဖော်ညွှန်းရမလဲ? သူ့အသွင်အပြင်က : ယောကျာ်းပီသတယ်၊ ဆွဲဆောင်မှုရှိတယ်ပြီးတော့ ထက်မြက်မယ့်ပုံလည်းပေါ်တယ်။ ကျန်းဆွေ့ယင်းပုံစံအတိုင်းပြောရမယ်ဆိုရင် 'ငါ့အကြိုက်လေးပဲ'

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now