Chapter - 103

19.4K 2.8K 565
                                    

{Zawgyi}

•ပြေရာပြေကြောင်း ဖြန်ဖြေပေးခဲ့•

သူ့ဘ၀မှာ လီယွိနဲ့အတူ ဒီတိုက်ခန်းထဲ ဘယ်တော့မှ ထပ်ပြီးခြေမချတော့ဘူးလို့ တွေးခဲ့တယ်ဆိုပေမယ့် တချိန်တည်းမှာပဲ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ပြန်ဝင်လာရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။

နဂိုမူလက ဒီအိမ်က သူ့အပိုင်ဖြစ်ပေမယ့် လီယွိကတော့ သူ့ထက်တောင် အိမ်ပိုင်ရှင်နဲ့ တူနေသေးတယ်။ တံခါးဖွင့်ဖို့အတွက် သော့ကို ကျွမ်းကျွမ်းကျင်ကျင်ထည့်လိုက်ပြီး အိမ်ထဲဝင်ကာ ဖိနပ်တွေ ချွတ်ချက်ပြီးတာနဲ့ သူ့အကျီတွေကို ချိတ်လိုက်တယ်။

ကျန်းဆွေ့ယင်းကတော့ မျက်နှာကြီးမည်းမှောင်နေဆဲ "ပြီးခဲ့တဲ့အခေါက်တုန်းက ဒီအိမ်ကို ရောင်းတော့မယ်ဆိုပြီး မင်းကို မပြောခဲ့ဘူးလား?"

"ဟုတ်တယ်လေ ရောင်းတုန်းပဲလား?"

"ရောင်းတယ်၊ အတွင်းရေးမှုးလျန်းကို ဆက်သွယ်လိုက်"

"ကောင်းပါပြီဗျာ" လီယွိ သူ့ကိုလှည့်ကြည့်လိုက်တယ် "ကောလက်ထဲမှာပဲဖြစ်ဖြစ် ကျွန်တော့်အပိုင်ပဲဖြစ်ဖြစ် အတူတူပဲဟာကို၊ ကျွန်တော်တို့ဒီမှာ နောက်ဆုံးနေခဲ့တုန်းကအတိုင်း ထိန်းသိမ်းထားပြီးတော့ကို ကောပြန်လာတာ စောင့်အုံးမှာ"

သူ့သွားတွေကို အက်ဆစ်တွေနဲ့ လောင်းနေသလားလို့တောင် ကျန်းဆွေ့ယင်း ခံစားလိုက်ရပြီး ခပ်ကြမ်းကြမ်းပြောလိုက်တယ် "မင်းစိတ်တိုင်းကျ ငါ့အဖိုးကို ခေါ်လာတယ်ဆိုတော့ ငါ့ကို ဖြေရှင်းချက်တစ်ခုပေးတာ ပိုကောင်းမယ်"

လီယွိက ခေါင်းငုံ့ကာ ပြုံးနေပြီး ဘာမှပြန်မပြောဘူး။ သူက စာကြည့်ခန်းဆီ တန်းသွားလိုက်တယ်။

သူတံခါးဖွင့်လိုက်ချိန်မှာ အဖိုးက ဒရိုင်ဘာလောင်ဝူနဲ့ ချက်စ်ထိုးနေတာကို တွေ့လိုက်ရတယ်။ သူ့ဘေးကစားပွဲခုံပေါ်မှာတော့ အစာပြေမုန့်ချိုလေးတွေနဲ့ဆိုတော့ လာပြီးအပန်းဖြေအနားယူနေတဲ့အတိုင်းပဲ။

လောင်ဝူက ရယ်မောပြီး ပြောလိုက်တယ် "သခင်လေး၊ သခင်လေးလီ ပြန်လာပြီလား"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now