{Zawgyi}
•ခြင်္သေ့၏သားရဲတွင်းဆီ သွားခြင်း!•
လီယွိ ကျန်းဆွေ့ယင်းအိမ်ကိုသာ တန်းသွားလိုက်တယ်။ အစကတော့ သူ့ကိုယ်သူထိန်းချုပ်ကာ အကြိမ်အနည်းငယ်လောက် တံခါးခေါင်းလောင်းကို တီးလိုက်သေးတယ်။ တုံ့ပြန်မှုမရှိတဲ့အခါမှပဲ သော့ကိုထုတ်ကာ တံခါးဖွင့်လိုက်တော့တယ်။
တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ သူ့ထံကို လေအေးတစ်ချက်တိုးဝှေ့လာတယ်။
လီယွိလှမ်းကြည့်လိုက်တော့ မျက်နှာကျက်နေကြမ်းပြင်ထိရှိတဲ့ ဧည့်ခန်းရဲ့ပြတင်းပေါက်တွေကို မပိတ်ထားမှန်းတွေ့လိုက်ရတယ်။ လေတိုက်ခတ်မှုကြောင့် လိုက်ကာတွေဆီက ကျယ်လောင်တဲ့အသံတွေထွက်ပေါ်နေပြီး ဆိုဖာဘေးမှာလည်း အရက်ပုလင်းပေါင်းများစွာ ရှိနေသေးတယ်။ နေရာတိုင်းမှာ ကျပ်ခိုးတွေပြန့်ကျဲနေပြီး တစ်ခန်းလုံး နွေဦးနှောင်းပိုင်းလေအေးတွေနဲ့သာ ပြည့်နေတဲ့အတွက် ပိုပြီးစိတ်ဓာတ်ကျစရာကောင်းနေပုံပေါ်တယ်။ [ T/N : သူတို့ဆီမှာ တစ်ခါတစ်လေ ပြာတွေလိုလို မြူတွေလိုလိုတွေကျတတ်တယ်လေ၊ လူတိုင်း maskတပ်ပြီးနေရတဲ့အချိန်မျိုး။ မြင်တော့မြင်ဖူးပေမယ့် ဘယ်လိုခေါ်မှန်းမသိဘူး ]
လီယွိနှစ်ထပ်စလုံးလျှောက်သွားကာ ရေကူးကန်အထိ ရောက်ပြီးမှ ကျန်းဆွေ့ယင်း အိမ်မှာတကယ်မရှိမှန်း သိလိုက်ရတယ်။ သူ့အိတ်ကပ်ကိုစမ်းကြည့်ကာ ကျန်းဆွေ့ယင်းကို ဖုန်းခေါ်လိုက်ချင်ပေမယ့် အကြာကြီးရှာပြီးနောက်မှ သူ့ဖုန်းကို သူကိုယ်တိုင်ပဲ လွှင့်ပစ်ခဲ့တာကို သတိရသွားတယ်။
စိတ်ဆိုးမာန်ဆိုးနဲ့ စားပွဲကိုကန်လိုက်ကာ တံခါးပိတ်ပြီး ပြန်ထွက်လာခဲ့လိုက်တယ်။
ကားလျှောက်မောင်းပြီး ဖုန်းအသစ်ဝယ်ဖို့နေရာတစ်ခု ရှာတွေ့တဲ့အခါ ကဒ်ကိုအစားထိုးထည့်ပြီး ကျန်းဆွေ့ယင်းဖုန်းနံပါတ်ကို တစ်လုံးချင်းရိုက်ထည့်လိုက်တယ်။
ဖုန်းခေါ်နေတုန်းမှာ သူအနည်းငယ်ဝမ်းနည်းသလို ခံစားမိတယ်။ သူ့အစ်ကိုကြီးရဲ့ဖုန်းနံပါတ်ကို မှတ်မိဖို့တောင် မတွေးနိုင်ပေမယ့် ကျန်းဆွေ့ယင်းရဲ့ဖုန်းနံပါတ်ကိုတော့ သူ့ဘ၀တစ်လျှောက်လုံး မေ့သွားမှာမဟုတ်ဘူး။ [ T/N : နံပါတ်ကလွယ်လို့လား? ]
VOCÊ ESTÁ LENDO
အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}
RomanceTitle - You are in love with an Idiot《你却爱着一个傻逼》 Author - 水千丞 Shui Qian Cheng Type - Web Novel Chapters: 123 +2 extras + 100 Q&A Status: Ongoing Eng Translator: Sae | Ice Myanmar Translator: Kay_Wine I have permission to translate for this novel.😉