Chapter - 29 🚑

30.1K 2.9K 767
                                    


{Zawgyi}

•လီယွိ၊ ကျန်းဆွေ့ယင်းနှင့် အိပ်ရာအဖြစ်ယာယီအသုံးပြုလိုက်သော ကားထိုင်ခုံ•

လီယွိနောက်ဆုတ်နိုင်ဖို့ အသည်းအသန်ကြိုးစားပေမယ့် နေရာကအရမ်းကျဉ်းနေတာကြောင့် ကားလီဗာနဲ့မြန်မြန်ပဲ ချောင်ပိတ်မိသွားတော့တယ်။

ကားကအတော်လေးကျယ်တယ်ဆိုပေမယ့်လည်း သေးသေးကွေးကွေးမဟုတ်တဲ့ယောကျာ်းကြီးနှစ်ယောက်အတွက်တော့ ကျပ်ညပ်လို့နေတယ်။ လီယွိမှာ ရှောင်ပုန်းစရာနေရာမရှိတော့ဘူး၊ သူလှုပ်ရှားလိုက်တိုင်းမှာ ကျန်းဆွေ့ယင်းကို သွားထိမိနေပြီး ကျန်းဆွေ့ယင်းကို အထက်အောက်ပွတ်မိသလိုဖြစ်နေတာကြောင့် ရှက်ရွံ့လာတယ်။

ခုလေးတင်မှ ရေချိုးလာတဲ့လီယွိရဲ့ လတ်ဆတ်တဲ့ရနံ့လေးက လေထဲမှာပျံ့နှံ့နေပြီး ကျန်းဆွေ့ယင်းနှာခေါင်းက ဒီလိုနူးညံ့နေတဲ့အသားအရည်လေးကို ပွတ်သပ်လိုက်ပြီး သူ့နှလုံးသားထဲမှာ ပိုမိုတပ်မက်စိတ်တွေဖြစ်ပေါ်လာတော့တယ်။

လီယွိတစ်ကိုယ်လုံး ဖျပ်ဖျပ်လူးနေပြီး သွေးထွက်နေသလိုမျိုး ရဲပတောင်းခတ်နေတော့တယ်။ ကျန်းဆွေ့ယင်းကို ကန်ချလိုက်သင့်တယ်ဆိုပေမယ့် သူ့ခန္ဓာကိုယ်က ကျန်းဆွေ့ယင်းလက်ဖဝါးအောက်မှာ မထိန်းနိုင်လောက်အောင် ချုပ်မိနေတယ်။

ကျန်းဆွေ့ယင်း စိတ်ကျေနပ်အားရသွားတယ်။ ခုမှဘ၀ကိုစတင်ရတဲ့ ငယ်ရွယ်တဲ့လူပျိုလေးတစ်ယောက်ရဲ့ခံစားချက်ကို နားလည်တယ်။ ဒီလိုမျိုးကို မကြိုက်ဘူးဆိုတဲ့ယောကျာ်း ဘယ်မှာရှိလို့လဲ... ကျန်းဆွေ့ယင်းကိုယ်တိုင်တောင် ဒီလိုခံစားချက်မျိုးကို ၁၀နှစ်ကျော်လောက် စွဲလမ်းလာခဲ့တာဖြစ်ပြီး ဘယ်တော့မှ သောက်လေလေ ငတ်မပြေနိုင်အောင်ဖြစ်နေရတယ်။ သူ့တုန်းကဆို ဂေးမဂ္ဂဇင်းတွေကိုဖတ်ပြီးတော့ သူ့ကိစ္စသူရှင်းခဲ့ရတာ။ တစ်ကြိမ်လောက်စမ်းကြည့်ပြီးချိန်မှာ ဒီလိုအရသာနဲ့ဆာလောင်မှုတွေက သူ့ရဲ့ရိုးတွင်းခြင်ဆီထဲထိပါ စိမ့်ဝင်သွားတော့တယ်။ ယောကျာ်းတစ်ယောက်က ဘယ်လောက်ပဲတည်ကြည်နေပါစေ သူ့အဝတ်ကိုချွတ်လိုက်ပြီဆိုတာနဲ့ တစ်ပုံစံတည်းတွေသာဖြစ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now