Chapter - 24 🚑

30.3K 2.9K 878
                                    

[Kay : ဤအပိုင်းတွင်ပါဝင်သော စကားလုံးများ၊ ပြောစကားများသည် ရုန့်ရင်းကြမ်းတမ်းသောအရာများ ပါဝင်သောကြောင့် သတိပြုစေလိုပါတယ်။ သူတို့ပြောထားတာကို ပေါ်လွင်စေချင်သောကြောင့် ဆဲဆိုထားသောနေရာများတွင်လည်း အတိအကျထည့်ထားပေးပါတယ်။ ရိုင်းပြသလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ရှင့်]

{Zawgyi}

လိုက်ကာတွေကို အတင်းအကျပ်ပိတ်ခဲ့မိတာ ကျန်းဆွေ့ယင်းနောင်တရသွားတယ်။ သူအိပ်တော့မယ်ဆိုရင် လုံးဝမှောင်မည်းနေအောင်ထားတတ်တာက သူ့ရဲ့အကျင့်ဖြစ်နေတယ်။ ဒါပေမယ့်အခုတော့ ဒီလိုအမှောင်ကြီးထဲမှာ သူတို့တွေ အချင်းချင်းမျက်လုံးတွေသာမြင်နိုင်ပြီး နှစ်ယောက်လုံးကလည်း တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေကြတာကြောင့် လေထုက တင်းမာလာတယ်။

လီယွိအသံက ဒေါသကြောင့် ဩရှနက်ရှိုင်းနေတယ် "ခင်ဗျား အဲ့နေ့တုန်းက ဘာသောက်စကားပြောခဲ့လဲ! ဟမ်?"

ကျန်းဆွေ့ယင်း ကြမ်းပြင်ပေါ်လဲကျရတာက အရမ်းရှက်စရာကောင်းတယ်လို့ ခံစားမိတာကြောင့် ထလိုကာ မျက်နှာတည်ထားပေမယ့် ပူလောင်လို့နေတယ်။ သူလည်း ဒေါသအရမ်းထွက်နေတာကြောင့် နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေတယ်။ "မင်းလိုသောက်ရူးဦးနှောက်နဲ့ကောင်ပဲ သူများပြောသမျှလိုက်ရုံနေလိုက်... ဒီသခင်လေးက လွယ်လွယ်နဲ့လက်လျှော့မယ်လို့ထင်နေတာလား?"

လီယွိ အဝတ်ဘီဒိုကို လက်သီးနဲ့ထိုးချလိုက်တာကြောင့် ဘီဒိုတံခါးမှာ ကျယ်လောင်တဲ့အသံကြီးနဲ့အတူ သနားစရာကောင်းစွာ ပြုတ်ထွက်သွားတော့တယ်။ သူအံကြိတ်ရင်းပြောလိုက်တယ် "ခင်ဗျားကို ဒီနေ့လုံးဝလက်လျှော့သွားရအောင် လုပ်ပေးမယ်!"

ပြောပြီးတာနဲ့ ကျန်းဆွေ့ယင်းနဲ့ ကော်လံကိုဆွဲဖို့ ပြေးသွားလိုက်တယ်။

ကျန်းဆွေ့ယင်းက ပြင်ဆင်ထားပြီးသားဖြစ်တာကြောင့် ခုန်ကာ လီယွိရဲ့ဗိုက်ကို ခြေစုံကန်လိုက်တယ်။

အခန်းကမှောင်လွန်းတာကြောင့် နှစ်ယောက်သားက လှုပ်ရှားမှုတွေ ခံစားနိုင်တာတွေကို တိုင်းတာပြီး တိုက်ခိုက်နေရတယ်။ အဲ့လိုဆိုတော့ ကျန်းဆွေ့ယင်းမျက်လုံးက နည်းနည်းပိုသာမှန်းသိသာတယ်။ လီယွိက လေကိုသာဖမ်းမိပြီး ကျန်းဆွေ့ယင်းကတော့ အမိအရကိုကန်လိုက်နိုင်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Tempat cerita menjadi hidup. Temukan sekarang