Chapter - 132 [ Special Chapter ] 🚑

24.6K 2.2K 864
                                    


{Zawgyi}

•ဘွဲ့နှင်းသဘင် အခမ်းအနား•

ကျန်းဆွေ့ယင်းတစ်ယောက် အဝတ်လဲခန်းထဲက မတ်တပ်မှန်အကြီးကြီးရှေ့မှာရပ်ကာ အကျီတွေ တစ်ထည်ပြီးတစ်ထည် စမ်းဝတ်ကြည့်နေတယ်။ မီးခိုရောင်Vလည်ပင်းနဲ့ရှပ်အကျီကိုမှ ပေါ့ပေါ့ပါးပါး အရောင်ဆင်တူဘောင်းဘီနဲ့ ဝတ်ရင်ပိုကောင်းမလား ဒါမှမဟုတ် နွေးထွေးတဲ့ အညိုဖျော့ရောင်နဲ့ အဝါနုရောင်ကို ဝတ်ရမလား? ဒါမှမဟုတ် ပိုငယ်တယ်ထင်ရအောင် ဂျင်းဘောင်းဘီနဲ့ အားကစားဖိနပ်စီးရမလား... အဝတ်ပေါင်းသောင်းခြောက်ထောင်ထဲမှာ ကျန်းဆွေ့ယင်း စိတ်တိုင်းအကျဆုံးတစ်ထည်ကို မရွေးနိုင်ဖြစ်နေတယ်။ အခန်းထဲက အဝတ်အစားတွေကိုကြည့်ကာ ကသိကအောက်နဲ့ သက်ပြင်းချလိုက်တယ်။

ထိုအချိန်မှာပဲ ဖုန်းမြည်လာတော့ ကောက်ကိုင်ကာ နား,နားကပ်လိုက်တယ် "Hello?"

ဖုန်းထဲကနေ ရွှင်ပြပြီး ညှို့ဓာတ်ပါတဲ့အသံလေး ထွက်ပေါ်လာတယ် "ကိုယ်တို့ တွေ့ဆုံတာပြီးတော့မယ်၊ ထွက်မလာသေးဘူးလား?"

"ငါ လမ်းမှာ"

တစ်ဖက်က ရယ်သံတိုးတိုးကို ကြားလိုက်ရတယ် "ဒီလိုမျိုးနဲ့ ဘယ်သူ့ကို လာလိမ်နေတာလဲ? ကိုယ် ကောရဲ့အသံကိုကြားတာနဲ့ အိမ်မှာပဲ ရှိသေးတာကို သိတယ်"

ကျန်းဆွေ့ယင်းလည်း ရယ်ပြီးပြောလိုက်တယ် "ငါအခု လာတော့မလို့၊ အမှီရောက်လာမှာပါ သေချာတယ်"

ဖုန်းချလိုက်ပြီးနောက် ကျန်းဆွေ့ယင်း အံကြိတ်ကာ မီးခိုးရောင်ကိုပဲ ဝတ်လိုက်တယ်။ အဝတ်အစားတွေ ဝတ်ပြီးတဲ့နောက် သန့်စင်ခန်းအမြန်သွားကာ ခေါင်းဖြီး ရေမွှေးဆွတ်အပြီး မှန်ထဲက ခန့်ညားတဲ့အမျိုးသားကို ကြည့်ရင်း ကျေကျေနပ်နပ်ကြီး ပြုံးလိုက်တယ်။

ထို့နောက် သော့ကိုဆွဲကာ အလျင်စလိုထွက်ခဲ့လိုက်တော့တယ်။

ဒီနေ့က လီယွိ ဘွဲ့ယူမယ့်နေ့ဖြစ်တယ်။ သူက လီယွိအတန်းဖော်တွေနဲ့ ကျောင်းသားဟောင်းတွေကြားမှာ အပြီးပြည့်စုံဆုံးဆိုတဲ့ပုံရိပ်တစ်ခု ဖြစ်နေမှရမယ်။ လီယွိရဲ့ဒဏ္ဍာရီလာချစ်သူကောင်လေးဆိုတာ ဘယ်လိုတောင်ခန့်ညားတဲ့ယောကျာ်းတစ်ယောက်ဖြစ်တယ်ဆိုကြောင်း ထိုကလေးတွေကို မြင်စေပြီး သူ့ကိုတချိန်လုံး လိုက်နှောင့်ယှက်နေတဲ့ အရှုပ်ထုပ်တွေ နည်းသွားအောင် လုပ်ရမယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Tempat cerita menjadi hidup. Temukan sekarang