Chapter - 122

22.8K 2.8K 472
                                    


{Zawgyi}

•မိသားစုတွေ့ဆုံပွဲနှင့် သင့်တော်တဲ့ အထက်တန်းစားဟန်ပန် သရုပ်ပြမှု•

သူတို့တွေ နှစ်ရက်လောက် အပန်းဖြေလိုက်ကြတယ်။ ပြန်မသွားခင် မိသားစုနှစ်စု ထမင်းအတူစားကြမယ်ဆိုပြီး လီရွှမ်းနဲ့ ချိန်းဆိုခဲ့ကြတယ်။

နေ့ခင်းမှာ ကြိုတင်စာရင်းပေးပြီးနောက် အိမ်မှာ ကျန်းဆွေ့ယင်းတစ်ယောက် ထိုင်ရခက်နေတယ်။ သူ့ရဲ့ယောက္ခထီးနဲ့ ယောက္ခမကို တွေ့ရမယ်ဆိုတာ ဘယ်လိုမှန်း သူမသိဘူး။ ဒါကြီးက အရမ်းကိုကသိကအောက်ဖြစ်ရတယ်။ ဒါပေမယ့်လည်း ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ယောက္ခထီးနဲ့ ယောက္ခမတွေကို တွေ့ရဖို့ဆိုတာလည်း ဝေးတော့တာမဟုတ်ဘူး။ အခု လီယွိ ဘာတွေလုပ်နေလဲ သူမသိဘူး။ သူ့လိုမျိုးပဲ စိတ်တွေလှုပ်ရှားနေမလား မလှုပ်ရှားဘူးလား...

ရေချိုးပြီးနောက် ခေါင်းကို လေမှုတ်ရင်း မနေနိုင်မထိုင်နိုင် အချိန်တွေပိုလျှံနေသေးတာကြောင့် လီယွိကို ဖုန်းခေါ်လိုက်တယ်။

"ဟေ့ ဘာလုပ်နေလဲ?"

"ကျွန်တော် ခုလေးတင် ရေချိုးပြီးတာ"

"မင်းလည်း စိတ်လှုပ်ရှားနေတာလား?" ရေချိုးပြီးခါစ လီယွိရဲ့မွှေးမွှေးကြိုင်ကြိုင်ပုံစံလေးကို ကျန်းဆွေ့ယင်း တွေးမိသွားတယ်။ လှပပြီး အရသာရှိလိုက်မယ့်ဖြစ်ခြင်း။

"မဆိုစလောက်လေး... တကယ်တော့ ကျွန်တော်တို့မိသားစုနှစ်စုလုံးက ငြိမ်းချမ်းရေးရသွားပြီဆိုတော့ အချင်းချင်းလူကြားထဲမှာ အရှက်ရအောင် မလုပ်လောက်တော့ပါဘူး ဒါပေမယ့် ကျွန်တော် စိတ်ပူတာက..."

"မင်းက ဘာကို စိတ်ပူတာလဲ?"

"စိတ်ပူတာက... ကျန်းဆွေ့လင်..."

ကျန်းဆွေ့ယင်းမျက်နှာက ချက်ချင်းပြောင်းလဲသွားတယ် "စိတ်ပူမနေနဲ့၊ သူနဲ့ သူ့အမေ လာရမှာမဟုတ်ဘူး" ရှောင်လင်ဇီ ဆေးရုံက ဆင်းလာပြီးတည်းက သူတို့တွေ ကုမ္ပဏီမှာ ရံဖန်ရံခါ တွေ့ဖြစ်တယ်ဆိုပေမယ့် ကုမ္ပဏီရဲ့စီးပွားရေးက ပုံမှန်ပြန်ဖြစ်လာတော့ သူထွက်လာခဲ့တယ်။ အဲ့တုန်းတည်းက သူတို့ထပ်မဆုံဖြစ်တော့ဘဲ ရေတွက်ကြည့်မယ်ဆိုရင် တစ်လကျော်လောက်ရှိပြီ။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now