Chapter - 118

23.6K 3.2K 497
                                    


{Zawgyi}

•ဆုံးရှုံးခဲ့သည်ကို ပြန်ယူခြင်း•

လီယွိ သူ့ကို ရင်ခွင်ထဲ ဖက်ထားကာ မျက်ရည်တွေ နှာရည်တွေကို ပုခုံးမှာ ပွတ်သုတ်လိုက်တယ်။ နောက်ဆုံးတော့ ငိုနေတာက ကျန်းသခင်လေးကို စိတ်အနှောင့်အယှက်ဖြစ်လာစေတော့တယ်။

ကျန်းဆွေ့ယင်း သူ့မျက်လုံးအိမ်တွေထဲက မျက်ရည်စတွေကို တိတ်တိတ်လေးခိုးသုတ်ကာ သူ့စိတ်ခံစားချက်တွေ ပြန်ထိန်းညှိပြီး လီယွိဆံပင်ကို အားနဲ့ ဆွဲလိုက်တယ် "တော်လောက်ပြီ၊ ပစ္စည်းတွေ မြန်မြန်သိမ်းပြီးတာနဲ့ ပေကျင်းကို ပြန်မယ်၊ မင်း တကယ်ငိုချင်တယ်ဆိုရင် မင်းမျက်ရည်တွေကို အသုံးချလို့ရမယ့် နေရာတွေရှိတယ်... အခုတော့ သိမ်းထားလိုက်"

လီယွိ နှာခေါင်းကို ရှုံ့ကာ ခေါင်းမော့ပြီး သူ့ကို ရှက်ရှက်နဲ့ ကြည့်လာတယ်။ သူရဲ့နီရဲရဲမျက်လုံးလေးတွေက ဖြူဖွေးဖွေးအသားအရေနဲ့ ပေါင်းလိုက်တော့ အတော်လေး သနားစရာကောင်းလှတယ်။

သနားစရာကောင်းပေမယ့်လည်း သူ့ကိုအခုမြင်နေရတာ ကျန်းဆွေ့ယင်း ပျော်မနေသေးဘူး။ ဘာလို့လဲ... ဒီကောင်လေးကို ရိုက်ပဲရိုက်ပစ်ချင်တယ်။ သူ့စိတ်ကို ထိန်းကာ တိုက်တွန်းလိုက်တယ် "ထုတ်ပိုးလိုက်တော့ မြန်မြန်လေး၊ ပြီးရင် ခုတလော မင်းရဲ့အကောင့်စာအုပ်ကို ငါ့ဆီပေးထား၊ မင်းဘာတွေလုပ်ခဲ့လဲဆိုတာနဲ့ ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲဆိုတာ ငါ့ကိုပြောပြ၊ ငါ အဲ့တာ ကြည့်လုပ်လိုက်မယ်..."

လီယွိ ခေါင်းငြိတ်ကာ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်သွားတယ်။ သန့်ရှင်းပြီးနောက် ကျန်းဆွေ့ယင်း ထွက်ပြေးမှာစိုးလို့ သူ့မျက်နှာတောင် မသုတ်ဘဲ ထွက်လာတယ်။

ကျန်းဆွေ့ယင်းက ဟိုတယ်ရဲ့မီးဘေးကြုံရင် လွတ်မြောက်နိုင်မယ့်မြေပုံကို စိုက်ကြည့်နေတယ်။ သူက အဆိုးဝါးဆုံးဖြစ်နိုင်ချေရှိတာကို တွေးထားလိုက်တယ်။ သူသာ လီယွိကို တကယ်ထိန်းမထားနိုင်ရင် သူ့ကိုလက်လွှတ်လိုက်ရပြီး ရှောက်ချွင်ပြောသလို တစ်ဘ၀လုံး ပြန်လာနိုင်တော့မှာမဟုတ်ဘူး။ သူ ထွက်ပြေးချင်တယ်ဆိုရင်တောင် ကြိုတင်အစီအစဉ်ချထားရမယ်။ အခု ကိစ္စက ဘယ်လောက်ထိပြင်းထန်လဲဆိုတာ သူသိဖို့လိုတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now