Chapter - 78

18.9K 2.7K 191
                                    


{Zawgyi}

•အလွန်တရာမုန်းတီးခဲ့ရပြီးနောက် စိတ်ကိုငြိမ်သက်စေခြင်း•

ကျန်းဆွေ့ယင်း နိုးလာပြီးနောက် ကလပ်ထဲမှာ ဒေါသပေါက်ကွဲတော့တယ်။

လီယွိက ပျောက်သွားပြီ။ သူ့မှာ ဒေါသထွက်လွန်းပြီး ဖြည်ချစရာနေရာမရှိဘူး။ သူ့ရဲ့သီးသန့်ခန်းကို တစ်ဝက်လောက် ရိုက်ချိုးခဲ့တယ်။

မန်နေဂျာကတော့ လုံခြုံရေးအစောင့်ပေါင်းများစွာနဲ့ သူပေါက်ကွဲနေတာကို တိတ်တိတ်လေးသာ ကြည့်နေရတယ်။ လူတွေကို မရိုက်သရွေ့ သူတို့စိတ်ချမ်းသာရတယ်။

မနေ့တုန်းက ဘာဖြစ်ခဲ့မှန်း တစ်ယောက်မှ မသိကြဘူး။ ညနှောင်းပိုင်းအချိန်တုန်းက မန်နေဂျာ အရဲစွန့်ပြီးဝင်လာချိန်မှာ ကျန်းဆွေ့ယင်းက စောင်လေးခြုံပြီး ကုတင်ပေါ်မှာ အိပ်မောကျနေပြီဖြစ်ပေမယ့် လီမျိုးရိုးနဲ့တော့ ပြဿနာတက်ခဲ့လောက်တယ်ဆိုပြီး တွေးမိတယ်။

မနေ့တုန်းက သူတို့ကိုနှစ်ယောက်တည်း ထားခဲ့ရတာမှားမှန်း သူသိတယ်။ ထိုလူကို အထဲဝင်ခွင့်ပြုလိုက်တာလည်း မှားတယ်။ ကျန်းဆွေ့ယင်း အမူးပြေပြီးနိုးလာတော့မှပဲ ထိုသူနဲ့စာရင်းရှင်းလို့ရတယ်။ သို့ပေမယ့် မနေ့ကသာ သူပေးမဝင်ခဲ့ဘူးဆိုရင် ကျန်းဆွေ့ယင်းမူးနေချိန်မှာ သူ့ကိုပြဿနာရှာလိမ့်မယ်။

သို့ပေမယ့် ဒီမင်းသားလေးနဲ့ပက်သက်ပြီး သူသိထားသလောက် သူ့ရဲ့ဒေါသက နည်းနည်းလေးပြင်းထန်တယ်ဆိုပေမယ့် ကျိုးကြောင်းမဆီလျော်တဲ့လူမဟုတ်ဘူး။ ဒီအခန်းထဲက ပစ္စည်းတွေကို ဖျက်ဆီးပြီးရင် သူ့စိတ်လည်းပြေသွားပြီး အဆင်ပြေသွားလိမ့်မယ်။

အသေအချာကို ဖျက်လို့ဆီးလို့ပြီးသွားချိန်မှာ ကျန်းဆွေ့ယင်း ပင်ပန်းကြီးစွာ ဆိုဖာပေါ်ထိုင်ချလိုက်ပြီး စီးကရက်တစ်လိပ်မီးညှိကာ သူ့လက်တွေကလည်း တုန်ယင်နေတယ်။ တံခါးနားမှာရပ်နေတဲ့ လူပေါင်းများစွာကို ရဲတွတ်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်တယ် "ဟာသတစ်ခုကို ကြည့်နေတာလား... မင်းတို့က အဲ့မှာ ဘာလုပ်နေကြတာလဲ?"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now