Chapter - 111

17.7K 2.8K 210
                                    


{Zawgyi}

•ခြိမ်းခြောက်မှုများ ၂•

အတွင်းရေးမှုးလျန်းရဲ့ လုပ်နိုင်စွမ်းက အံ့ဩစရာကောင်းလှတယ်။ နှစ်ပတ်လောက်အတွင်းမှာ ဝယ်သူကို ဆက်သွယ်နိုင်ခဲ့ပြီး ကျန်းဆွေ့ယင်းရဲ့ စုဆောင်းမှုတွေထဲက ကားလေးစီးကို ရောင်းထုတ်နိုင်ခဲ့တာကြောင့် ငွေသား ဆယ်သန်းကျော်လောက် ပြန်ရလာပြီး စီမံကိန်းထဲကို လွှဲလိုက်တဲ့အခါ တစ်ပြားမှ မကျန်တော့ဘူး။

ဒါက ပိုက်ဆံကို မျက်တောင်တစ်ချက်မခတ်ဘဲ ဖြုန်းနေကျ ကျန်းဆွေ့ယင်းဖြစ်ပြီး ဒီကာလအတွင်းမှာတော့ လက်တုန်တုန်နဲ့ပဲ ငွေကို သုံးနေရတယ်။ ငွေမဝင်တာကြောင့် နေမထိထိုင်မသာဖြစ်နေတာမျိုး မရှိတာကတော့ ထူးဆန်းတယ်။

အံကိုကြိတ်ကာ ဟန်ကိုယ့်ထားမှသာ နေ့တိုင်းကောင်းကောင်းနေနိုင်မှာဖြစ်တယ်။

တစ်နေ့ လီယွိကျောင်းရှေ့က ကားဖြတ်မောင်းလာမိတယ်။

ထိုနေ့က အတော်လေးပူတယ်။ ၃၆.၇ဒီဂရီလောက် ဖြစ်နေချိန်မှာ ကျန်းဆွေ့ယင်းက သူ့ကားရဲ့လေအေးပေးစက်ကို ၂၃ဒီဂရီလောက်ထိ ညှိထားလိုက်တယ်။ ကျောင်းနားက ဖြတ်သွားချိန်မှာ သူကားရပ်ပြီး ကျောင်းဂိတ်အဟောင်းဘေးက ဆိုင်လေးမှာ သောက်စရာတစ်ဘူး ဆင်းဝယ်တယ်။

သူဒီနေရာနဲ့ အတော်လေးရင်းနှီးမှုရှိတယ်။ ဒီဆိုင်ကနေပဲ ရေဘူး၊ စီးကရက်နဲ့ ကွန်ဒုံးတွေ ဝယ်ခဲ့တာဖြစ်တယ်။ ဒီနေရာမှာ လီယွိကိုစောင့်တယ်၊ ကျောင်းဆင်းရင် လျှောက်သွားဖို့ စောင့်တယ် ပြီးတော့ ဒီနေရာမှာပဲ နှုတ်ဆက်တယ်။ သူတို့ ကားထဲမှာနေကြပြီး တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်ဖြစ်ခဲ့ကြတယ်။

အခုတော့ လီယွိလည်း မရှိတာကြောင့် သူဒီကိုလာစရာ အကြောင်းမရှိတော့ဘူး

လူတွေ ကွဲကွာကုန်ပြီး ပျင်းစရာအချိန်တွေဖြစ်လာကာ ခံစားချက်တွေ ကုန်လွန်သွားရအောင် အချိန်ကဘာကြောင့် ဒီလောက်မြန်ရတာလဲ? အမှတ်တရတွေများစွာရှိနေတဲ့ ကျောင်းပေါက်ဝမှာ ကျန်းဆွေ့ယင်းရပ်နေရင်း နှလုံးသားက နာကျင်လာရတယ်။

လူငယ်လေးတွေ အဝင်အထွက်လုပ်နေကြတဲ့ ကျောင်းပေါက်ဝဆီ ကျန်းဆွေ့ယင်း အချိန်နည်းနည်းကြာအောင် ထပ်ကြည့်နေမိတယ်။ ထို့နောက် သူ့ရဲ့ရေကို အလုတ်အနည်းငယ်သောက်ပြီးတာနဲ့ ကားထဲဝင်ကာ ထွက်ခဲ့လိုက်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now